Friday, May 31, 2019

အခြေခံပညာကျောင်းများတွင် ရာနှုန်းပြည့် နို့တိုက်ကျွေးနိုင်ရေး ကုန်ကျစရိတ်များလွန်း၍ မဆောင်ရွက်နိုင်

အခြေခံပညာ ကျောင်းများတွင် နို့တိုက်ကျွေး ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဖော် ဆောင်နိုင်ရေး အစိုးရက သီးသန့် ရန်ပုံငွေ ခွင့်ပြုရန် ရှိ၊မရှိ ရှမ်း ပြည်နယ် မောက်မယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ငေါင်းဆိုင်ဟိန်းက မေလ ၃၀ ရက်တွင် ကျင်းပသည့်လွှတ်တော် ၌မေးမြန်းသည်။ 
နွားနို့အာဟာရ တိုက်ကျွေး ခြင်း လုပ်ငန်းစဉ်အတွက် သီးသန့် ရန်ပုံငွေ ခွင့်ပြုပေးခြင်းမျိုး မရှိ သော်လည်း ပညာရေးဝန်ကြီးဌာန က အခြေခံပညာကျောင်းများအား ပံ့ပိုးထားသော ကျောင်းဖွံ့ဖြိုးတိုး တက်မှု အထောက်အကူပြုဆိုင် ရာ ရန်ပုံငွေ၏ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်တွင် အစားအ စာ ရိက္ခာခေါင်းစဉ်ဖြင့် နွားနို့တိုက် ကျွေးခြင်းလုပ်ငန်းများအတွက် ကျခံသုံးစွဲနိုင်သည်ဟု စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှ ကျော်က ပြန်ဖြေသည်။ 
ပညာရေးဝန်ကြီးဌာန၏ စာ ရင်းဇယားများအရ မြန်မာတစ် နိုင်ငံလုံးတွင် မူလတန်းကျောင်း သား၊ ကျောင်းသူဦးရေ သိန်းငါးဆယ်ခန့်ရှိသဖြင့် ပညာသင်နှစ်တစ်နှစ်လျှင် ကျပ်ဘီလီယံ ၃၆၀ ခန့် ကုန်ကျမည်ဟု ဒုဝန်ကြီးကတွက်ချက်ပြသည်။ 
‘‘လွှတ်တော်ကိုယ်စားလှယ် ကြီး မေးမြန်းသကဲ့သို့ အခြေခံ ပညာကျောင်းများမှာ နို့တိုက် ကျွေးခြင်း လုပ်ငန်း ပိုမိုထိရောက် အောင်မြင်ဖို့ ရာနှုန်းပြည့်ဖော် ဆောင်သွားနိုင်ရေး လုပ်ငန်းဟာ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်း စဉ်ဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာ ငွေကျခံသုံးစွဲဆောင်ရွက်နိုင်မှု အ ကန့်အသတ်များလည်း ရှိနေပါ တယ်’’ ဟု ၎င်းကရှင်းပြသည်။ 
မွေးမြူရေးနှင့် ကုသရေး ဦး စီးဌာနအနေဖြင့် ပြည်သူများစား သုံးမည့် နို့နှင့်နို့ထွက်ပစ္စည်းများ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက် လာရေး ဆောင်ရွက်နေသည်ဟု လည်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။ 

7Day

0 comments:

Post a Comment