Saturday, April 26, 2014

ကမ္ဘာ့အကြီးဆုံး bortsch ဟင်းအိုးကြီး


Bortsch ဆိုတာက ရုရှားတွေသောက်တဲ့ ဟင်းရည်တစ်မျိုးဖြစ်ပြီး သကြားမုံလာကို အခြေခံ အဖြစ်အ သုံးပြုထားပါတယ် ။ နောက်ထပ် ပါဝင်ပစ္စည်းတွေကတော့

ဒိန်ချဉ်နဲ့ အရသာရှိတဲ့ cream တွေကို အသုံးပြုထား တာဖြစ်ပါတယ် ။ ဒီ Bortsch ဟင်းရည်အိုးကြီးကို အပြည်အပြည်ဆိုင်ရာ စိုက်ပျိုးရေးပွဲတော်မှာ ပြုလုပ် ခဲ့ခြင်းဖြစ်ပါတယ် ။ ဒီပွဲတော်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ ယူကရိန်းမြို့တော် Kiev မှာ ကျင်းပ ခဲ့ခြင်းဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ

ဂေါ်ဖီ - ၂၅၀ ကီလိုဂရမ်
ကြက်သွန်နီ - ၉၀ ကီလိုဂရမ်
မုန်လာဥ - ၈၀ ကီလိုဂရမ်
မြေပဲ - ၁၄၀ ကီလိုဂရမ်
ဆား - ၂၇ ကီလိုဂမ် ကို
ဟင်းရည် ၅၀၀၀ လီတာ ရှိတဲ့ အိုးကြီးထဲကို ထည့်ပြီး ချက်ပြုတ်ခြင်းဖြစ်ပါတယ် ။ နောက်ဆုံးမှာ ၄၀၀၀ လီတာ ရှိတဲ့ bortsch ဟင်းရည်ကိုရရှိပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ် ။

သက်တန့်ချို

0 comments:

Post a Comment