Sunday, April 27, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်သင့်သည်များကို ပြင်ဆင်မည်ဟု သူရဦးရွှေမန်းပြောကြား

မြန်မာနိုင်ငံအပြောင်းအလဲ ကြုံတွေ့ခဲ့သည့် ယခင်အချိန်များ နှင့် နှိုင်းစာပါက ယခုအချိန်မှာ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း အနေဖြင့် အတော်ခရီးပေါက်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပြည်သူအများ မျှော်လင့်နေသည့် ဒီမိုကရေစီ အပြည့်အ၀မရသေးသည့်အပေါ် တွင် အချိန်ပေးဆောင်ရွက်ရဦး မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေ မန်းက မွန်ပြည်နယ်၌ ပြောကြား ခဲ့သည်။

““၁၉၆၂၊ ၁၉၈၈၊ ၂၀၁၀ ခုနှစ်ကထက်စာရင် အခုချိန်က ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း က အတော်လေးရောက်ခဲ့ပြီ ဒါပေမဲ့ ပြည်သူတွေမျှော်လင့်တဲ့ ဒီမိုကရေစီအပြည့်အ၀မရလာသေး ဘူး။ ဒီမိုကရေစီကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ခဏတည်း လုပ်လို့မရဘူး””ဟု သူရရွှေမန်းက ပြောသည်။

ဧပြီ (၂၅)ရက်က မော်လ မြိုင်မြို့တွင် မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးအုန်းမြင့်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် မြို့နယ်(၁၀) ခုမှ ဒေသခံကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီလမ်းတွင် ပြည်သူများ၏ လိုလားချက်၊ မျှော်လင့်ချက်ဆန်္ဒအမှန်အတိုင်း ဖြစ်မလာသေးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ မြန်မာနိုင်ငံ ယခုလက်ရှိအခြေနေ အထိ ရောက်ရှိလာခဲ့ကြောင်းကို လည်း ပြောကြားခဲ့သည်။

““ဒီနေ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ ပြည်သူတွေရဲ့ ဆန်္ဒအတိုင်းဖြစ်ပြီလို့ မပြောနိုင်ပါ ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြီးပြည့်စုံတယ်လို့ ပြောလို့မရနိုင်ပါဘူး။ အချို့က တော့ အသစ်ရေးဆွဲဖို့လိုတယ် ပြောနေတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လေ့လာသုံးသပ် ပြီး ကောင်းတာတွေထားမယ်။ ပြင်သင့်တာ ပြင်မယ်ဆိုပြီး လုပ် ဆောင်နေပါတယ်””ဟု သူရဦးရွှေ မန်းက ဆိုသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်သူများအကြားတွင် ထောက်ပြမှုများရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ ကြီး လေးသော တာဝန်တစ်ရပ်ဖြစ် ကြောင်းကိုလည်း ပြောကြားခဲ့ သည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဖွဲ့စည်းပုံဥပဒေအသစ်ရေးဆွဲရေး အတွက်မူထောက်ခံခြင်းမရှိပဲ ပြနလည်ပြင်ဆင်ခြင်းကိုသာ ပြု လုပ်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

လွှတ်တော်များသည် ပြည်သူ့ ဆန်္ဒနှင့်အညီ ဥပဒေများပြုကြရ ခြင်းကြောင့် လွှတ်တော်သက်တမ်း ၃နှစ်တာကာလတွင် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဥပဒေ (၉၈)ခုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကျန်ရှိနေသော ဥပဒေကြမ်း (၂၀၀)ခန့်ကိုလာမည့်လွှတ်တော် သက်တမ်းတစ်နှစ်ခွဲအတွင်းပြီးစီး အောင် ပြဋ္ဌာန်းမည်ဟုပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်းနှင့် လွှတ်တော်၏ဥပဒေပြုချက်များကို လည်း ရှင်းလင်းပြောကြားခဲ့သည်။

““ဒီအတိုင်း ပုံမှန်လုပ်ဆောင် သွားမယ်ဆိုရင် နောက်(၂)နှစ် အတွင်း မွန်ပြည်နယ်ရဲ့မြို့ပြကျေး လက်ကွာဟချက်က ကျဉ်းမြောင်း သွားမယ်””ဟု မွန်လွှတ်တော်ဥက်္ကဋ္ဌ ဦးကျင်ဖေက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲကို ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ အစိုးရ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ မြိုကနယ် (၁၀)ခုမှ ဒေသခံ ကိုယ်စားလှယ်များစုစုပေါင်း လူ အင်အား (၁၀၀၀)၀န်းကျင်ခန့် တက်ရောက်ခဲ့သည်။

HOT NEWS

0 comments:

Post a Comment