Wednesday, April 30, 2014

"မြင့်မြတ် ပြောတဲ့ သူ့လက်တွဲဖော် အကြောင်း"


မြင့်မြတ် က ပြင်ဦးလွင်မှာ ဗီဒီယို ၃ကား ရိုက်ဖို့ စီစဉ်ထားပါတယ်။ ဝိုင်းစု ခိုင်သိန်း နဲ့ ၂ ကား၊ စိုးမြတ်သူဇာ နဲ့ ၁ ကားလို့ သိရပါ တယ်။ အရင်က ဒရာမာ အရိုက် များခဲ့ပြီး အခု အခါ မှာတော့ ဇာတ်လမ်း ပုံစံအစုံ ရိုက်လာတယ် လို့ မြင့်မြတ်က ပြောပါတယ်။
ပုံစံ အစုံ ရိုက်လာတဲ့ အခါမှာ ပရိသတ် ကလည်း ဟာသလေးတွေ ရိုက်ပေးပါ ဆိုတဲ့ အသံ ပြန်ကြားလာ ရပါ တယ်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ကမ်းလှမ်းထားတာ နှစ်ခု လောက် ရှိပေမယ့် မသေချာသေးဘူး ပြော တဲ့ မြင့်မြတ် ကို ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ကမ်းလှမ်းတာ ရှိလား မေးတော့ “ကမ်းလှမ်း တာတွေ ရှိတယ်။ ကျွန်တော် လက်မခံဘဲ ငြင်းလိုက် တယ်။ ဇာတ်လမ်းတွဲ ဘက်ကို ရောက်ကုန်ရင် ရုပ်ရှင်၊ ဗီဒီယိုလောက မှာ မင်းသားတွေ နည်းသွားရော။ ကျွန်တော်ကတော့ မသွားသေးဘူး။ ဒီဘက်မှာ ပဲနေသေးတယ်” လို့ပြောပါတယ်။
သင်္ကြန်တွင်း နေပြည်တော် ACE မဏ္ဍပ်မှာ သီချင်း ဆိုခဲ့တဲ့ မြင့်မြတ်ကို တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပြီ လားမေးတော့
“ဒါက တော်တော် ကြာဦးမှာပါ။ ဆိုချင်လို့ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ တစ်ကိုယ်တော်ခွေ ထွက်တော့ ထွက်မှာပါ။ သီချင်းတွေ စုနေပြီ။ ကိုဘိုဘို လက်ဆောင် ပေးထား တဲ့ သီချင်းတွေလည်း ရှိတယ်။ တေးရေး အသစ်တွေ ရဲ့သီချင်းကောင်းတွေ ရွေးထား တာလည်း ရှိပါတယ်” လို့ ပြောပါတယ်။ အရင် မြင့်မြတ် နဲ့ အခု မြင့်မြတ် ကွာခြား သွား တာက တော့ ရင့်ကျက်မှုပဲ လို့ဆိုတဲ့ မြင့်မြတ်ကို သူ့ဘဝ လက်တွဲဖော် အကြောင်းမေးတော့ “လက်ထပ် ဖို့ကတော့ နည်းနည်း လိုပါသေးတယ်။ Plan တော့ ချထား ပြီးပါပြီ။ ကျွန်တော် နဲ့တော့ စိတ်တူ ကိုယ်တူပါပဲ။ ကျွန်တော့် အပေါ်မှာ လည်း နားလည်မှု အပြည့်ပေးတယ်။ စစချင်းတော့ အနုပညာ အလုပ်လုပ်တော့ ညှိနှိုင်း ရတာလေး တွေ ရှိ တာပေါ့။ နောက် ပိုင်းကျတော့ နားလည်မှု ရှိသွားတယ်။ သရုပ်ဆောင် တစ်ယောက် ဆိုတာက အများပိုင် ပစ္စည်းတစ်ခုလိုပါပဲ” လို့ ပြောပြခဲ့ပါတယ်။

Popular Journal

0 comments:

Post a Comment