Wednesday, April 30, 2014

ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ


ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြ မှာပါ။

ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။

သတင်းစာမှာ တဖက်က ကြေညာအပြီး ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကနေ ထပ်မံ ရှင်းလင်းပြီး အမှန်တရားဟာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ ပတ်သက်ပြီး ဒီဘလော့မှာ ရေးပြီးပါပြီ။ ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက် http://blog.irrawaddy.org/2014/04/blog-post_11.htmlမှာ ဖတ်နိုင်ပါတယ်)

အိမ့်သံစဉ်

ဧရာဝတီ

0 comments:

Post a Comment