Wednesday, April 30, 2014

ရော်နယ်ဒို ချန်ပီယံလိဂ် သွင်းဂိုးစံချိန်သစ်တင်


ဘိုင်ယန်မြူးနစ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် (၂)ဂိုး သွင်းယူခဲ့သည့် ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းစံချိန်သစ် တစ်ရပ် ရေးထိုးနိုင်ခဲ့သည်။ ဘေးလ်၏ ဖန်တီးမှုမှ တစ်ဆင့်
တတိယမြောက် သွင်းဂိုး ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ပွဲချိန် (၈၉)မိနစ်တွင် ပြစ်ဒဏ်ဘော အနိမ့်ကန်ချက်ဖြင့် ပွဲသိမ်းဂိုးသွင်းယူခဲ့ကာ ယခုရာသီ (၁၆)ဂိုးမြောက် ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်ခဲ့သည်။
မက်ဆီသည် (၂၀၁၁-၁၂)ရာသီတွင် ချန်ပီယံလိဂ် သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး ထိုစံချိန်ကို ရော်နယ်ဒိုက (၂)ဂိုး အသာဖြင့် ကျော်ဖြတ်ခဲ့ကာ ကစားသမားဘ၀ ချန်ပီယံလိဂ် သွင်းဂိုး(၆၇)ဂိုးမြောက် ရယူနိုင်ခဲ့သည်။ ယင်းအတွက် ရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး သွင်းယူထားသည့် ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်၏ စံချိန်ကို အမှီလိုက်ရန် (၄)ဂိုးသာ လိုအပ်ကြောင်း သိရသည်။
@z (ရိုးရာလေး)

0 comments:

Post a Comment