Monday, April 28, 2014

အမျိုးစောင့်ဥပဒေအတည်ပြုရေးအား ဇွန်လတွင် လွှတ်တော်၌အဆိုတင်သွင်းမည်

CMT 28 02
အမျိုးဘာသာ သာသနာ့စောင့်လျှောက်ရေးဥပဒေတစ်ရပ်ဖြစ်သော အမျိုးစောင့်ဥပဒေအား အတည်ပြုရေး အဆိုပြုတင်သွင်းလွှာကိုနေပြည်တော် ပြည်သူ့လွှတ်တော်၌ လာမည့်ဇွန်လတွင် အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်းအရှင်ပါမောက္ခမှမိန့်ကြားသည်။

“အမျိုးစောင့်ဥပဒေဆိုတာ တကယ်လိုအပ်တယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာဝင်ယောက်ျားတွေဘက်က အမျိုးမျိုးဖျားယောင်းသွေးဆောင်ပြီးတော့ ယူတယ်။ ယူပြီးရင်လည်း ဘာသာပြောင်းခိုင်းတယ် မပြောင်းရင်နှိပ်စက်ခံရတယ်။နောက်တစ်ချက်က တရားဝင် ဇနီးမဖြစ်ဘူး အပျော်ဇနီးပဲဖြစ်သွားတယ်။ သူတို့ဘာသာမှာ တရားဝင်ဇနီးလေးယောက်
ယူခွင့်ရှိတယ်။ ပြီးရင် ကလေးများများမွေးခိုင်းတယ်၊ မွေးလာတဲ့ကလေးတွေအားလုံးကလည်း အစ္စလာမ်ဘာသာဝင်ဖြစ်ရမယ် ဒါကြောင့်အမျိုးဘာသာ သာသနာ့စောင့်လျှောက်ဖို့အတွက် ဦးဇင်းတို့ဘက်ကအမျိုးစောင့်ဥပဒေတစ်ရပ် ဖွဲ့စည်းဖို့ လွှတ်တော်ကို အဆိုတင်သွင်းခဲ့တာပါ။
လာမယ့်ဇွန်လမှာ လွှတ်တော်ကနေအတည်ပြုမပြုသိရ တော့မယ်။ ဦးဇင်းကတော့ အတည်ပြုပေးဖို့မျှော် လင့်တယ် ” ဟု မကွေးပရိယတ္တိစာသင်တိုက်မှ အရှင်ပါမောက္ခက မိန့်ကြားသည်။

၎င်းအမျိုးစောင့်ဥပဒေအား အချက်လေးချက်ဖြင့်ပြဌာန်းထားပြီး ယင်းအချက်များမှာ (၁)ဗုဒ္ဓဘာသာဝင်၏ ရိုးရာလက်ထပ်ထိမ်းမြားခြင်း (၂)တစ်လင် တစ်မယား စနစ်ပေါင်းသင်းခြင်း(၃)ဘာသာတရားအား လွတ်လပ်စွာ ကိုးကွယ်ခြင်း (၄)ကလေးမွေးဖွားနှုန်း ကန့်သတ်ခြင်းတို့ဖြစ်သည်။စင်ကာင်္ပူနိုင်ငံတွင် မည်သည့် ဘာသာဝင် ဖြစ်ဖြစ် တစ်အိမ်ထောင်လျှင် ကလေး(၂)ယောက်ထပ်ပိုမယူရဥပဒေ တစ်ခုအားပြဌာန်းထားကြောင်းသိရသည်။

အမျိုးစောင့်ဥပဒေအား ပြည်သူများ၏ လက်မှတ် ၁သန်းထောက်ခံမည်ဆိုပါက လွှတ်တော်၌ အတည်ပြုမယ်ဟု ထုတ်ပြန်ထားသောကြောင့်ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ သဘောတူ ထောက်ခံချက် လက်မှတ် ၁ သန်းကျော်ရှိပြီး အမျိုးစောင့်ဥပဒေတွင် ပါဝင်သော(၂)အချက်ဖြစ်တဲ့ တစ်လင်တစ်မယားစနစ်ကို အစ္စလာမ်ဘာသာဝင်အမျိုးသမီးများကလည်း ထောက်ခံကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယဘဒန္ဒတိလောကာဘိဝံသလက်မှတ်ထိုး ပေးပို့ထားသော ဥပဒေ ၄ ရပ်ကို ဥပဒေပြဌာန်းပေး ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားကြောင်း၊
၎င်းဥပဒေတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့်လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ကြောင်းသိရသည်။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

0 comments:

Post a Comment