ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများ၏ ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (OSCE) တွင်
ဂျာမနီနိုင်ငံသား လေးဦးပါဝင်ကြောင်း ယင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ယူဆူလာဗွန်ဒါလီယန် က ဧပြီ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
OSCE အဖွဲ့မှ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်များအား ဒိုနက်စ်ဒေသရှိ နေရာအတော်များများကို သိမ်းယူ ထားသည့် ရုရှားလိုလားသော ဆန္ဒပြသူများက ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ကနဦး သတင်းထုတ်ပြန် ချက်များအရ ယူဆရကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် OSCE အဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦးပါဝင်ပြီး ၎င်းတို့အနက် ဂျာမနီနိုင်ငံမှ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်သုံးဦးနှင့် ၎င်းတို့၏ စကားပြန်တစ်ဦး ပါဝင်ကြောင်း Bild သတင်းစာ၏ ဖော်ပြချက်များအရ သိရသည်။
မြ၀တီ







0 comments:
Post a Comment