Wednesday, April 30, 2014

ဗိုလ်လုပွဲအတွက် ယုံကြည်မှု အပြည့် ရှိနေသည့် တီယာဂို


အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား တီယာဂိုဟာ ယခုကဲ့သို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဟာ အိမ်မက်တွေ အမှန်တကယ် အကောင်အထည် ပေါ်လာခြင်း
ဖြစ်ကြောင
်း၊ ဗိုလ်လုပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြာလိုက်သည်။ 

တီယာဂိုက “ဒါဟာ အိမ်မက် တစ်ခုပါ။ ကျနော်တို့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သိပ်ကောင်းနေပါတယ်။ ခမ်းနားတဲ့ အသင်းတစ်သင်းလည်း ရှိနေပါတယ်။ ကျနော်တို့ အတူလက်တွဲ ကြိုးစားခဲ့ကြတာပါ။ အခုဆိုရင် လစ္စဘွန်းမြို့က ဖိုင်နယ်ပွဲကြီးဆီကို ရောက်နေပါပြီ။ ဒါဟာ အိမ်မက်တစ်ခု အမှန်တကယ် ဖြစ်ပျက်လာခဲ့တာပါ။”

“ဒီကွင်းမှာ လာကစားရတာဟာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိခဲ့ပြီးသားပါ။ ဒါပေမယ့် ချယ်ဆီး အနေနှင့် ကျနော်တို့ထက် ပိုပြီး အားထုတ်ရမယ်ဆိုတာလည်း သိနေပါတယ်။ ကျနော်တို့ အသင်းဟာ အဝေးကွင်းမှာ အကောင်းဆုံး ကစားနိုင်တဲ့ အသင်း တစ်သင်းပါ။ ကျနော်တို့ ဂိုးသွင်းလိုက်တဲ့ နောက်ပိုင်းမှာ ချယ်ဆီးက အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ကျနော်တို့ ယုံကြည်မှုတွေ တိုးလာပြီး အခုတော့ ဖိုင်နယ်ကို ရောက်နေပါပြီ။”

“ရီးရဲမက်ဒရစ်အသင်းဟာ သိပ်ကောင်းတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးရှယ် အသင်းတစ်သင်းဆိုတာ ကျနော်တို့ သိပါတယ်။ သူတို့ဟာ ပွဲတစ်ပွဲကို ဘယ်အခိုက်အတန့်မှာမဆို အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် မနှစ်က စပိန်ဖလားပွဲမှာ သူတို့ကွင်းမှာ ကျနော်တို့ အနိုင်ရခဲ့ဖူးပါတယ်။ ဒီတော့ ကျနော်တို့ ဗိုလ်လုပွဲအတွက် ယုံကြည်မှုတွေ ရှိနေပါတယ်။” ဟု ပြောကြားသွားခြင်း ဖြစ်သည်။ 

0 comments:

Post a Comment