Wednesday, December 16, 2015

အပြင်သွားရင် မိတ်ကပ်မလိမ်းဘဲ ပေါ့ပေါးပါးပါးလေး သွားရတာ သဘောကျတယ် …ရွှေပိုးအိမ်


ဖက်ရှင်ပိုင်းမှာ ညီမက Sexy ပုံစံနဲ့ သိပ်မလိုက်ဘူး။ ရိုးရိုးယဉ်ယဉ်နဲ့ Free Style မျိုးကို သဘောကျပါတယ်။ အပြင်မှာတော့ ပေါ့ပေါ့ပါးပါးစတော့ကင်လေးတွေ၊ အင်္ကျီ ပွပွလေးတွေ၊ စကတ်လေးတွေနဲ့ပဲဖြစ်ဖြစ်နေရတာ ပိုကြိုက်တယ်။ အပြင်တွေသွားရင်လည်း ညီမက တော်ရုံတန်ရုံ၊ မိတ်ကပ်တွေဘာတွေမလိမ်းဘဲ မပြင်ဘဲနဲ့ ပေါ့ပေါးပါးပါးလေးသွားရတာသဘောကျတယ်။ ညီမကြိုက်တဲ့ပုံစံလေးက ဆံပင်အရှည်ကို အကောက်ပုံစံလေး သဘောကျတယ်။ အမြဲတမ်းကောက်လိုက်၊ ဖြောင့်လိုက် ဆေးအရောင်ဆိုးလိုက်ဆိုတော့ ဆံပင်ကမကောင်း တော့ဘူး။ လုပ်ချင်တာကတော့ ခပ်မိုက်မိုက်ခေတ်ဆန်ဆန်ဒီဇိုင်းလေးလုပ်ချင်တာပါ။ ညီမနေပုံထိုင်ပုံကကျတော့ အဲဒီဘက်ကိုမသွားတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ဓာတ်ပုံရိုက်တဲ့အခါမျိုးတွေတော့ လုပ်ဖြစ်တယ်။

Shape Entertainment Journal

0 comments:

Post a Comment