Monday, December 21, 2015

ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့အခြေအနေ ဆက်နွှယ်နေမှု (အပိုင်း-၁၊၂) သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ(အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)


ယခုအခါ ကမ္ဘာနှင့်အဝန်း ဘာသာရေးအစွန်းရောက်သမားတို့၏ ခြိမ်းခြောက်အန္တရာယ်ပေးမှုအား ထိတ်လန့်တကြား ရင်ဆိုင်နေရချိန်ဖြစ်သည်။ အလားတူ မိမိတို့ ပြည်တွင်း၌လည်း 'ငြိမ်းချမ်းရေး'ဆိုသော အသံကို ကျယ်ကျယ်လောင်လောင် ကြားနေရချိန်လည်းဖြစ်သည်။ လောက၌ အရာအားလုံးတို့၏ ရင်းမြစ်သည် ဓမ္မ၌သာ အခြေတည် လေသည်။ ပြဿနာအရပ်ရပ်တို့ကို ငြိမ်းအေးအောင် ဖြေရှင်းရာ၌ ဓမ္မရေးရာ သဘောတရားတို့ကို ကွယ်ဝှက်ထား၍ မရစကောင်း။မြန်မာနှစ် ၁၃၇၆ ခု၊ နတ်တော်လဆုတ် (၁၃)ရက်က ပုဂံမြို့ Aureum Place Hotel တွင် ဗုဒ္ဓဘာသာ ပိုမိုထွန်းကားပြန့်ပွားလာစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံထိန်းသိမ်းမှုကို ကူညီလုပ်ဆောင်ရန်ဟူသော ဦးတည်ချက်ဖြင့် ပြုလုပ်ခဲ့သော မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံအကြား ကျင်းပသည့် အစည်းအဝေးကြီး တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရ(အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)က 'ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့အခြေအနေ ဆက် နွယ်နေမှု'ဟူသော ခေါင်းစဉ်တစ်ရပ်ဖြင့် မိန့်ကြားခဲ့ပါသည်။ ယင်းမိန့်ကြားချက်များသည် ကမ္ဘာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီနေရုံသာမက မကြာမီအစိုးရအပြောင်းအလဲ ဖြစ်တော့မည့် မြန်မာခေတ်ဆန်းချိန်၌ နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ အရေးတကြီး လိုက်နာစောင့်ထိန်းရမည့် အချက်အလက်၊ အကြောင်းအရာများ ပါဝင်နေသဖြင့် ယင်းဟောပြောချက်အား ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။

(အယ်ဒီတာချုပ်)

ပြည်အသီးသီးက နိုင်ငံရေး၊ ဘာသာရေး နှင့် လူမှုရေး ခေါင်းဆောင်များအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့နှင့် ယနေ့အစည်းအဝေး သို့ြ<ွကရောက်လာကြသော မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်းသုံးနိုင်ငံတို့က လူကြီးမင်းများ ငြိမ်းချမ်းစွာ၊ ညီညွတ်စွာ၊ လုံခြုံစွာ၊ ချမ်းသာစွာနေနိုင်ကြပါစေ။ အိပ် စက်နိုင်ကြပါစေဟု ရှေးဦးစွာဆုတောင်း၍ နှုတ်ခွန်း ဆက်ပါတယ်။

ယနေ့ ကျွန်ုပ်တို့အနေနဲ့ ဗုဒ္ဓဘာသာ ပိုမိုထွန်း ကားပြန့်ပွားစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းမှုကို ကူညီလုပ်ဆောင် ပေးကြမယ်ဆိုတဲ့ တူညီသော ဦးတည်ချက်နဲ့ ယနေ့ ဒီအ စည်းအဝေးကြီးမှာ အတူ စုရုံးရောက်ရှိနေကြတာ ဖြစ် ပါတယ်။ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်း ဆောင်၊ လူမှုရေးခေါင်းဆောင်များနှင့် ကမ္ဘာသူ၊ ကမ္ဘာ သား အားလုံးတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြိုးကြိုးစားစား ရှာဖွေဆောင်ရွက်နေကြသည်ဟု ယုံ ကြည်ပါတယ်။ သို့သော် မျှော်လင့်ထားသော ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးကိုကား မည်သည့်တိုင်းပြည်မျှ အပြည့် အဝရရှိထားကြသည်ကို မတွေ့ရသေးပါ။ စစ်မက်ရေး ရာ ရှုထောင့်ကကြည့်ပြီး ငြိမ်းချမ်းလုံခြုံသည်ဟု ဆိုနိုင် သော်လည်း စီးပွားရေးရှုထောင့်ကဖြစ်စေ၊ လူမှုရေး ရှု ထောင့်ကဖြစ်စေ ကြည့်လျှင် မလုံခြုံ၊ မငြိမ်းချမ်းသော နိုင်ငံများစွာ ရှိနေပါတယ်။

ယနေ့ မျက်မှောက်ခေတ်မှာ ပို၍ စိုးရွံ့ဖွယ် ကောင်းစွာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက် လာသော အကြောင်းတစ်ခုမှာ ဘာသာရေးအစွန်းရောက် တို့၏ အနှောင့်အယှက်ပင် ဖြစ်ပါတယ်။ တကယ်စင်စစ် တော့ လူသားတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းသည် လူသားတို့၏ စိတ်ရိုင်းများကို ယဉ်ကျေးသောစိတ်များ ဖြစ်လာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့် ပါတယ်။ ပူလောင်နေသော လူသားတို့၏ စိတ်နှလုံးကို အေးချမ်းလာအောင် ဆုံးမနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံ ကြည်ပါတယ်။ လူသားတို့ ကိုးကွယ်ရာ ဘာသာတရား များသည် လူသားတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအ တွက် ဖြစ်ဖို့ကောင်းပါတယ်။
ဤ ယနေ့ကျင်းပသော အစည်းအဝေးကြီး သည် ၁၉၅၄ ခုနှစ် ဧပြီလက Ceylon, Sri Lanka နိုင်ငံ ကိုလံဘိုမြို့မှာကျင်းပတဲ့ ငါးနိုင်ငံ ဝန်ကြီးချုပ်များ အစည်းအဝေးက မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ပြီး ဆုံး ဖြတ် အတည်ပြုထားခဲ့သော င်္Five Principles (Panca Shila) ပဉ္စသီလ၏ အနှစ်(၆ဝ)မြောက် အထိမ်းအမှတ် အဖြစ် မြန်မာ-တရုတ်-အိန္ဒိယ အိမ်နီးချင်းသုံးနိုင်ငံတို့ အကြား ကျင်းပတဲ့ အစည်းအဝေးကြီး ဖြစ်ပါတယ်။

ထိုပဉ္စသီလ (Five Principles) ကို အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာနေရူး(Jawaharlal Nehru) က ဦးဆောင်ရေးဆွဲ၍ ကိုလံဘိုအစည်းအဝေး မတိုင်မီ တရုတ်ပြည်သို့ သွားရောက်ကာ တရုတ်ဝန်ကြီးချုပ် Zhou Enlai နှင့် ရှေးဦးစွာ သဘောတူညီချက် ယူပြီး ချူအင်လိုင်းနှင့် နေရူးတို့ ရှေးဦးစွာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ထို့နောက် ဝန်ကြီးချုပ်နေရူးက ကိုလံဘိုမှာ ကျင်းပတဲ့ ငါးနိုင်ငံ ဝန်ကြီးချုပ်များ အစည်းအဝေး၌ တင်ပြဆွေးနွေး၍ ကိုလံဘို Declaration အဖြစ် ထုတ် ပြန်ကြေညာခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ဧပြီလ ကိုလံဘို ဝန်ကြီးချုပ်များ အစည်းအဝေးက ကြေညာခဲ့သော Five Principles (သို့မဟုတ်) ကိုလံဘိုပဉ္စသီလ ငါးပါးသီလ သည် ယခုအခါ နှစ်ပေါင်း ၆ဝ ရှိခဲ့ပြီး ဖြစ်ပါတယ်။

Five Principles ပဉ္စသီလမှာ အောက်ပါအတိုင်းဖြစ် ပါတယ် ။

(၁) နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ် မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားရန်။
(၂) အပြန်အလှန် ကျူးကျော်မှု မပြုရန်။
(၃) နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ် နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်။
(၄) အပြန်အလှန် အကျိုးစီးပွားအတွက် သာတူညီမျှ မှုရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန်။
(၅) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်သွားရန်။

ထို့ပြင် ၁၉၅၅ ခုနှစ် ဧပြီလက အင်ဒိုနီးရှား နိုင်ငံ Bandung မြို့မှာ Asian-African Conference တစ်ရပ်ကို ကျင်းပခဲ့ရာ ထို Conference သို့ ကိုလိုနီ ဘဝမှ လွတ်မြောက်ပြီးခါစ အာရှ-အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံတို့ တက်ရောက်ခဲ့ကြပါတယ်။

ထိုအာရှ-အာဖရိက အစည်းအဝေးကြီးကို အင်ဒိုနီးရှားသမ္မတကြီး ဒေါက်တာဆူကာနိုက ခေါင်း ဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် ချူအင် လိုင်း၊ အိန္ဒိယဝန်ကြီးချုပ်နေရူး၊ မြန်မာဝန်ကြီးချုပ်ဦးနု တို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ထိုအာရှ-အာဖရိက Bandung Conference ကြီးက Five Principles သာမက Ten Principles ဒသသီလကိုပင် ချမှတ်ခဲ့ကြပါတယ်။ ထို Bandung Conference မှ ချမှတ်ခဲ့သော ဒသသီလမှာ အောက်ပါအ တိုင်း ဖြစ်ပါတယ်။

(၁) အခြေခံ လူ့အခွင့်အရေးများကို လေးစားရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ အား လေးစားလိုက်နာရန်။
(၂) နိုင်ငံအားလုံး၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု နှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်။
(၃) ကမ္ဘာ့နိုင်ငံအားလုံးနှင့် လူမျိုးအားလုံးတို့၏ သာတူ ညီမျှမှုကို အသိအမှတ်ပြုရန်။
(၄) အခြားနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်ခြင်း မပြုရန်။
(၅) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ နိုင်ငံတစ် နိုင်ငံစီ၏ခုခံကာကွယ်ခွင့်ကို လေးစားရန်။
(၆) အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် စုပေါင်းကာကွယ်ရေး အစီအမံများ အသုံးပြုခြင်း ကို ရှောင်ကြဉ်ရန်။
(၇) နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးလွတ်လပ်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထိပါးသည့် ခြိမ်းခြောက်မှုနှင့် အင်အားအသုံးပြုခြင်းကို ရှောင်ကြဉ်ရန်။
(၈) နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ စေ့စပ်ဆွေး နွေးခြင်း၊ ခုံရုံးဖွဲ့ စစ်ဆေးခြင်း၊ ဥပဒေကြောင်းအ ရ ဆုံးဖြတ်ဖြေရှင်းခြင်း စသည့် ငြိမ်းချမ်းစွာ ဖြေ ရှင်းနည်းများအပြင် သက်ဆိုင်ရာနိုင်ငံ၏ ဆန္ဒနှင့် အညီ အခြားသော ငြိမ်းချမ်းစွာ ဖြေရှင်းနည်းတို့ကို အသုံးပြုပြီး ဖြေရှင်းရန်။
(၉) အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်။
(၁ဝ) တရားမျှတမှုနှင့် နိုင်ငံတကာ ကျင့်ဝတ်များအား လေးစားလိုက်နာရန်။

အာရှတိုက်၏ထူးခြားချက်
------------------------------------
ယနေ့ ကျွန်ုပ်တို့နေထိုင်ရာ အာရှတိုက်ကြီး ဟာ အခြားတိုက်ကြီးများထက် အလွန်ထူးခြားသော တိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော နှစ် ထောင်ပေါင်းများစွာကတည်းက ဥရောပမှာ သိပ္ပံပညာရှင်တွေ မပေါ်ပေါက်မီကတည်း ကပင် ဘာသာရေးခေါင်းဆောင်များစွာ၊ လူမှုရေးနှင့် စိတ်ဓာတ်ရေးခေါင်းဆောင်များစွာတို့ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့အခြေအနေ ဆက်နွှယ်နေမှု (အပိုင်း-၂)
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ(အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)

ဘာသာရေးခေါင်းဆောင်များစွာရဲ့ ပေါ် ပေါက်ရာနေရာဟာ အိန္ဒိယပြည်ကြီး ပါပဲ။ ဥပမာ- မြတ်ဗုဒ္ဓထက် နှစ် ၄ဝ ခန့် စောနိုင်သည်ဟု ခန့်မှန်းရသော မဟာဝီရ(ဂျိန)ပုဂ္ဂိုလ်ထူး တစ်ယောက် ရှိပါတယ်။ သူ့ရဲ့ အပြောင်မြောက်ဆုံး (Philosophy)ဖီလော်ဆော်ဖီကတော့ 'အဟိံသဝါဒ' ဖြစ်ပါတယ်။

အဟိံသဆိုတာ Non-Violence ပါပဲ။ အ ကြမ်းဖက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှု တွေ အလွန်ထူပြောနေတဲ့ ယနေ့မျက်မှောက်ခေတ်မှာ မဟာဝီရဆရာကြီးရဲ့ အဟိံသဝါဒဟာ နိုင်ငံရေးခေါင်း ဆောင်တွေအားလုံး၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံး၊ လူသားတစ်ရပ်လုံး လိုက်နာကျင့်သုံးရမည့် Common- Platform ဖြစ်ပါတယ်။

Jesus Christ ရဲ့ ဟောပြောချက်တွေကို ကြည့်ပြန်တော့လည်း -

(၁) သတ္တလောကကြီး၏ ဆင်းရဲဒုက္ခကို သိမြင်၍ စိတ် နှလုံးတုန်လှုပ်စွာ ခံစားရခြင်း။
(၂) သတ္တလောကကြီး၏ ဆင်းရဲ့ဒုက္ခကို အစဉ်မပြတ် စောင့်ကြည့်ခြင်း၊
(၃) သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုသော စိတ်ကို မွေးမြူခြင်းဆိုတဲ့ မြတ်ဗုဒ္ဓ၏ကရုဏာဝါဒ နှင့် ထပ်တူညီမျှ ရှိနေတာ တွေ့ရပါတယ်။


သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓကို BC 623 မှာ ကျွန်ုပ်တို့ နီပေါနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကရု ဏာရှင် Jesus Christ ကိုလည်း ကျွန်ုပ်တို့ အာရှတိုက် ထဲက အစ္စရေးနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ ရာမှာ ကြားညှပ်၍ အနည်းငယ်ပြောရမည်ဆိုလျှင် အဝိဇ္ဇာ နှင့် တဏှာ Ignorance နှင့် Craving အမှန်တရားကို မသိခြင်းနှင့် စည်းစိမ်ဥစ္စာ အာဏာမက်မောခြင်းတို့ ဟာ ဆင်းရဲဒုက္ခအားလုံးတို့ရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကရုဏာရှင် Jesus ကဲ့သို့သော အဖိုးတန်ပုဂ္ဂိုလ် တစ် ယောက် အသတ်ခံလိုက်ရခြင်းဟာ အဝိဇ္ဇာဖုံးသော လူ သားအချို့၏ အာဏာမက်မောခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ထို့ပြင် အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်ကလည်း ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာ မြို့မှာ မွေးဖွားတာဖြစ်လို့ သူလည်း အာရှတိုက်သားပါပဲ။ ဝိသမလောဘသမားတွေကို တိုက်ဖျက်ရေးဆိုတဲ့ မိုဟာ မက်ရဲ့ Theory တစ်ခုဟာလည်း Economic Unbalance စီးပွားရေးမညီမျှမှုတွေ အလွန်များနေတဲ့ ကမ္ဘာ ကြီးမှာ ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူ ပြုတဲ့ ဝါဒတစ်ခုပါပဲ။

မိုဟာမက်သခင်က ငွေတိုးချ၊ အပေါင်ခံ၊ အ မြတ်ကြီးစား၊ အိမ်သိမ်း၊ လယ်သိမ်း၊ လူသိမ်းဆိုတဲ့ ဝိသမ လောဘသမားတွေကို ရှုတ်ချ ပြစ်တင်ထားတာလည်း တွေ့ရပါတယ်။ ¤င်းဝိသမလောဘသားတွေအနေနဲ့ လောဘကို စည်းကမ်းသတ်ကြဖို့ ဖြစ်ပါတယ်။ ပြီးတော့ မိုဟာမက်က ပြောခဲ့တဲ့ြ<ွကယ်ဝချမ်းသာသူတို့က ဆင်း ရဲမွဲတေသူတို့အား ဝေငှပေးရမယ်ဆိုတဲ့ စကားတစ်ရပ် လည်းရှိပါတယ်။ အဲဒီဝါဒဟာလည်း မြတ်ဗုဒ္ဓမိန့်ကြား တော် မူလေ့ရှိတဲ့ ဒါနသံဝိဘာဂရတော ပေးကမ်းဝေငှ ခြင်း၌ လူတိုင်း ပျော်ပိုက်ရမည်ဟူသော ဆုံးမချက်နဲ့ ထပ်တူဖြစ်နေသည်ကို တွေ့ရပါတယ်။ ကြွယ်ဝခြင်းနှင့် မွဲတေခြင်း (Richness and Poverty)ကို ဟန်ချက်ညီ စေတဲ့ အဆုံးအမများ ဖြစ်ပါတယ်။

ထို့ပြင် B.C 551 တရုတ်ပြည်မှာ မွေးဖွားတဲ့ Confucius ဆိုတဲ့ ဆရာကြီးဟာ အလွန်တရာချစ်ခင် ကြည်ညိုဖို့ ကောင်းပါတယ်။ သူဟာ မိသားစုငြိမ်းချမ်း ရေးအတွက် မိဘနှစ်ပါးနှင့် သားသမီးတို့ အပြန်အလှန် စောင့်ရှောက်ထိန်းသိမ်းရတဲ့ ကျင့်ဝတ်တွေကို များစွာ ဟောခဲ့ပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတော်မူထားတဲ့ သိင်္ဂါလောဝါဒသုတ္တန်မှာ သားသမီးကျင့်ဝတ် ငါးပါး (Five Principles for Children)၊ မိဘတို့က သားသမီး အပေါ်မှာ ကျင့်ရတဲ့ ကျင့်ဝတ်ငါးပါး (Five Principles for Parents)ဆိုတဲ့ အချက်တွေကိုကြည့်လျှင် ဃသည်ကခငကျ ရဲ့ မိဘနဲ့ သားသမီးငြိမ်းချမ်းရေး ဝါဒဟာ အံ့သြစရာ ကောင်းပါတယ်။ အဲဒါတွေဟာ Panca Sila ပဉ္စသီလ ပုတ္တမီတာနံ ပဉ္စသီလ၊ မာတာပိတူနံ ပဉ္စသီလတွေပဲ ဖြစ် ပါတယ်။

ပြီးတော့ Confucius ဆရာကြီးက နိုင်ငံရေး ခေါင်းဆောင်တွေ အကျင့်ပျက်ရင် တိုင်းပြည်ပျက်စီးတာ နဲ့ အတူတူပဲ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပညာမတတ် လျှင် တစ်တိုင်းပြည်လုံး ပညာမတတ်တော့ဘူး၊ ကန်းပြီ လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေရဲ့ နိုင်ငံ ရေး အတတ်ပညာဟာ သီလနဲ့ပညာ ဤနှစ်ဖြာပဲလို့ဆို ခဲ့ပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ သောဏဒဏ္ဍ သုတ္တန်မှာ သီလ ပညာ ဤနှစ်ဖြာသည် လူ့လောကကြီး တစ်ခုလုံး၏ အမြတ်ဆုံးဥစ္စာ ဖြစ်သည်ဟု ဟောထားတော် မူခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ပြောကြားချင်တာက သီလ ဆိုတာ လူသားတို့၏ ခြေထောက်၊ ပညာဆိုတာ လူသား တို့၏ မျက်လုံးဖြစ်ပါတယ်။ အကျင့်ပျက်လျှင် အားလုံး ခြေထောက်ပြတ်နေပြီး ဘယ်လိုလုပ် ရှေ့သို့ချီတက်နိုင် ကြတော့မှာလဲ၊ ခြေပြတ်တဲ့သူသည် ဘယ်လမ်းကိုမှလျှောက် နိုင်တော့မှာ မဟုတ်ပါဘူး။ ခြေထောက်ကောင်းသော် လည်း မျက်စိကန်းနေလျှင် ဘယ်လမ်းစဉ်ကို ဘယ်လို ရွေးနိုင်ကြတော့မှာလဲ။ ပညာမျက်လုံးကန်းတဲ့ ခေါင်း ဆောင်တွေရဲ့ လမ်းစဉ်တွေဟာ လမ်းစဉ်အမှားတွေ ချည်း ဖြစ်နေမှာပေါ့။

ဒါကြောင့် ယနေ့နိုင်ငံတိုင်းက နိုင်ငံ့ခေါင်း ဆောင်တွေအားလုံး ခြေမပြတ်ဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် မျက်စိမကန်းဖို့လည်း အရေးကြီးပါတယ်။ အား လုံး အကျင့်ကောင်းကြပါစေ။ အားလုံး ပညာတတ်ကြ ပါစေ။

အကျင့်ကောင်းသူတွေဟာ ပညာလည်း ပြည့် စုံတတ်တယ်။ ပညာကောင်းသူတွေဟာလည်း အကျင့် ကောင်းနဲ့ ပြည့်စုံတတ်ပါတယ်။ သီလသည် လူ့ခြေ ထောက်၊ ပညာသည် လူ့မျက်လုံး (Character and Education) သီလနှင့်ပညာသည် အပြန်အလှန် မှီခိုနေ သော အရာများဖြစ်ပါတယ်။ ဤသီလနှင့်ပညာသည် လူသားတစ်ယောက်၏ သို့မဟုတ် တိုင်းပြည်တစ်ခု၏ အရင်းအနှီးလည်း ဖြစ်ပါတယ်။ သဘာဝအရင်းအမြစ် Natural Sources တွေ မည်မျှပင် ဆင်းရဲစေကာမူ သီလ နှင့်ပညာ (Character and Education) ပြည့်စုံတဲ့ တိုင်းပြည်တွေဟာ ဒီကနေ့ ဖွံ့ဖြိုးတိုးတက်နေတာကို မျက်မှောက်ကမ္ဘာမှာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ် ဤနေရာမှာ ပြောခြင်းဖြစ်ပါတယ်။ Character and Wisdom are Poor men's Capital.


ကျွန်ုပ်တို့ရဲ့ အာရှတိုက်ကြီးဟာ အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း ဂျိန(ဇိန)-မဟာဝိရ၊ သိဒ္ဓတ္ထ ဂေါတမဗုဒ္ဓ၊ Jesus Christ၊ မိုဟာမက်၊ Confucius အစရှိတဲ့ ဘာသာရေးခေါင်းဆောင်များအားလုံး မွေးဖွား ရာ တိုက်ကြီးဖြစ်ပါတယ်။ အနောက်တိုင်းမှာ Science နဲ့ Technology တွေဟာ အေဒီ ၁၄ ရာစုနှစ်မှာ စတင် ပေါ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၄ ရာစုနှစ်ဆိုတာ ခရစ်တော်မွေးဖွားပြီး နှစ်ပေါင်း ၁၄ဝဝ ကြာပြီးနောက် ကို ဆိုလိုတာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓပွင့်တော်မူပြီးနောက် အနှစ် ၂ဝဝဝ ခန့်ကြာမှ သိပ္ပံပညာတွေ စတင်ပေါ်ပေါက် ထွန်းကားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့အချက်ကို ကျွန်ုပ်ပြော ချင်တာက ကျွန်ုပ်တို့ အာရှတိုက်သားတွေဟာ ဘာသာ ရေးအဆုံးအမတွေကို သိပ္ပံပညာ မထွန်းကားမီ နှစ်ပေါင်း ထောင်နှင့်ချီ၍ စောစီးစွာက ရရှိထားခဲ့ကြပြီး ဖြစ်တာကို ကျွန်ုပ်တို့ အရှေ့တိုင်းသားတွေဟာ အနောက်တိုင်းသား တွေထက် နှစ်ပေါင်းများစွာ စော၍ ယဉ်ကျေးနှင့်ကြပြီဟု ဆိုချင်ပါတယ်။ တစ်နည်းဆိုရရင် အနောက်တိုင်းက သူတွေအားလုံးဟာ ကျွန်ုပ်တို့အရှေ့တိုင်းကို ရှိခိုးနေကြ တာပါဟု ဂုဏ်ယူဝင့်ြ<ွကားစွာနဲ့ ပြောချင်ပါတယ်။

ပဉ္စသီလ(ငါးပါးသီလ)
*********************
ငြိမ်းချမ်းလုံခြုံသော မိသားစုတစ်ခု၊ ငြိမ်းချမ်း လုံခြုံသော အဖွဲ့အစည်းတစ်ခု၊ ငြိမ်းချမ်းလုံခြုံသော တိုင်း ပြည်တစ်ခု တည်ဆောက်မည်ဆိုလျှင် မြတ်ဗုဒ္ဓ၏ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ Principle of Peaceful Co-existence တွေဟာ များစွာရှိပါတယ်။ လင်နဲ့မယား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှာ လည်း ယောက်ျားဘက်က မူငါးချက်၊ မိန်းမဘက်ကလည်း မူငါးချက် ရှိပါတယ်။

Yangon Media Group
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment