Thursday, December 31, 2015

ဗီဒီယို အကြို ခံစားခြင်း - ကဝေချိုးတဲ့ ဖဲ


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ အိမ်ထောင်ရေး ပညာပေး ဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။

သူရိန်က နာမည်ကြီးဓာတ် ပုံဆရာ တစ်ယောက်ပါ။ သူရိန်က သူ့ဆီမှာ ဓာတ်ပုံ လာရိုက်တဲ့ ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပေမယ့် မိန်းမကိစ္စ အရှုပ်အရှင်းတော့ လုံးဝမရှိပါဘူး။ သူရိန်မှာ မိန်းမနဲ့ကလေးလည်း ရှိပါတယ်။ သူရိန်မိန်းမနာမည်က သင်းသင်းပါ။ သင်းသင်းက သူရိန်ထက်တော့ အသက်ကြီးပါတယ်။ အဲဒါကြောင့် သူရိန်က သင်းသင်းကို မမလို့ခေါ်ပါတယ်။ သူရိန်က သူ့ မိန်းမကို အရမ်းချစ်သလို သူ့ မိသားစုလေးကိုလည်း အရမ်းအ လေးထားပါတယ်။သူရိန်က အလုပ်ကိစ္စနဲ့ပတ် သက်ရင်တော့ ခေါင်းမာတတ်ပါ တယ်။ သူ့ရဲ့ အလုပ်ကိစ္စတွေကို သူ့ရဲ့ အားလပ်ချိန်တွေမှာ လုပ် လေ့ မရှိပါဘူး။ နောက်ပြီး အချိန်ကိုလည်း အရမ်းလေးစားပါ တယ်။ အလုပ်နဲ့ ပတ်သက်ပြီး သူ့ ပညာကို စော်ကားရင်လည်း ငြိမ်ခံမနေတတ်ပါဘူး။ သူရိန်ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး မကျေ နပ်တဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးလည်း ရှိပါတယ်။ အဲဒီလူနဲ့ သူရိန်က အ လုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်ထားတာပါ။ ဒါပေမဲ့လည်း သူက သူရိန့်ကို သူ့ကုမ္ပဏီမှာအ လုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ ပါတယ်။ အဲဒါကိုလည်း သူရိန်က လက်မခံဘဲ ငြင်းခဲ့ပါတယ်။ အဲဒီ လိုငြင်းခဲ့တဲ့အတွက် နောင်တရ မယ်လို့ သူရိန်ကို သတိပေးခဲ့ပါ တယ်။

တစ်ရက်မှာတော့ သူ့အဖေ ရဲ့ သူငယ်ချင်းသမီးတစ်ယောက် က မင်းသမီးဖြစ်ချင်တာကြောင့် သူ့ကို အကူအညီ တောင်းခဲ့ပါ တယ်။ ကောင်မလေးရဲ့ နာမည် က ဒေ၀ီပါ။ ဒေ၀ီက စင်ကာပူက နေပြန်လာတာပါ။ သူရိန်က ဒေ၀ီ ကို ပြန်တွေ့တဲ့အချိန်မှာ မမှတ်မိ ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေ၀ီက သူငယ်ငယ်တုန်းက တွေ့ ဖူးခဲ့တဲ့ ကောင်မလေး ပုံစံမဟုတ် တော့သလို နာမည်ကိုလည်း ဒွေး မယ်နော်လို့ ပြောင်းထားလို့ပါ။

ဒေ၀ီနဲ့ သူရိန်ရဲ့ ဆက်ဆံရေး က တခြားကောင်မလေးတွေနဲ့ စာရင်တော့ ပိုပြီးရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒေ၀ီ မန္တလေး မှာ ရှိုးလျှောက်ဖို့ ရှိတာကြောင့် သူရိန်ကို လိုက်ခဲ့ဖို့ ပြောခဲ့ပါ တယ်။ သူရိန်က သူ့တပည့်ကိုပဲ ထည့်လိုက်မယ်လို့ ပြောခဲ့ပေမယ့် ဒေ၀ီက အတင်းလိုက်ဖို့ ပြောနေတာကြောင့် လက်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ သူရိန့်ရဲ့ အလုပ်ခန်းကို သူ့မိန်းမနဲ့ ကလေးရောက်လာခဲ့ပါတယ်။ အဲဒါကြောင့် သူရိန်ကလည်း သူမန္တလေးကို သွားမယ့် အကြောင်း သူ့မမကို တစ်ခါတည်းအသိပေးခဲ့ပါတယ်။ မန္တလေးကို လိုက်သွားတဲ့ သူရိန်နဲ့ ဒေ၀ီတို့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ သူရိန် ကို မကျေမနပ်ဖြစ်နေတဲ့ ကုမ္ပဏီပိုင်ရှင်ကကော ဘာတွေလုပ်ဦး မလဲ ဆိုတာကိုတော့ လာဗင်ဒါ ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ‘ကဝေချိုးတဲ့ဖဲ’ ဇာတ် ကားလေးမှာ ဆက်လက် ရှုစား ပေးပါ။

ဒီဇာတ်ကားမှာ သူရိန်အဖြစ် ဇေရဲထက်၊ သင်းသင်းအဖြစ် စိုး မြတ်နန္ဒာ ၊ ဒေ၀ီအဖြစ် နွယ်ဒါလီထွန်းတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သျှိုးရဲ့ ၀တ္ထုကို ဆူးခက်မင်းဇာတ်ညွှန်း ရေးပေးထားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment