Sunday, December 27, 2015

သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေး ပြည်မြို့ ပရဟိတအဖွဲ့များ စုပေါင်းဆန္ဒဖော်ထုတ်

သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ပြည်မြို့တွင် ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

လိပ်ကျွန်းလူသတ်မှုတွင် အပြစ်ရှိသည်ဟုဆိုကာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားနှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းအပေါ် မကျေနပ်သဖြင့် ပြည်မြို့ရှိ ဒေသ ခံပရဟိတအဖွဲ့များက ဒီဇင်ဘာ ၂၇ ရက်တွင် စုပေါင်းဆန္ဒဖော် ထုတ်ခဲ့ကြသည်။လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချ မှတ်ခံရခြင်းမှာ တရားမျှတမှုမရှိ ကြောင်း၊ သေဒဏ်မှ အမြန်ဆုံး လွတ်မြောက်ရန်နှင့် တရားမျှတ စွာ တရားစီရင်နိုင်ရန် နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက် ပေးစေလိုကြောင်းတို့ကို အဓိက ထား ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ နိုင်ငံသား တွေ တခြားနိုင်ငံတွေမှာ အလုပ် သွားလုပ်နေကြတာတွေ အများ ကြီးရှိတယ်။ ဒီလိုတရားမျှတမှုမရှိ တာမျိုးတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါ တာဝန်ရှိ နိုင်ငံတော်အစိုးရအနေ နဲ့ ဥပဒေအရ ဘယ်လိုကာကွယ်မှု တွေပေးမှာလဲ။ တရားမျှတမှုမရှိ တဲ့ ဆုံးဖြတ်ချက်တွေကိုတော့ အ မျိုးသားရေးတာဝန်တစ်ရပ်အနေ နဲ့​ ရှုတ်ချတယ်။ ပူးပေါင်းကာကွယ် ဖို့လိုပါတယ်’’ ဟု ပရဟိတသွေး အလှူရှင်အဖွဲ့မှ ဆန္ဒဖော်ထုတ် သူ ဦးထွန်းမြတ်ဆွေက ပြော ကြားသည်။

သေဒဏ် ချမှတ်ခံရသော မြန်မာအလုပ်သမားနှစ်ဦးလွတ် မြောက်ရေး ဆန္ဒဖော်ထုတ်ရာတွင် ပြည်မြို့ဒေသခံ ပရဟိတအဖွဲ့ များဖြစ်သည့် မိုးမေတ္တာနာရေးကူ ညီမှုအသင်း၊ ပရဟိတသွေးလှူ ရှင်အသင်းများ၊ ကရုဏာ လက် များ ကွန်ရက်၊ ရေချမ်းစင်ပရဟိ တအဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့နှင့် ဒေသခံလူငယ်များ အင်အား ၂၀၀ခန့် ပါဝင်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် ပြည်မြို့ရှိ သံတစ်ချောင်းလမ်း၊ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်မြင်း စီး ကျောက်ရုပ်ဝန်းကျင်နှင့် ရွှေဆံ တော်ဘုရားကြီးခြေတော်ရင်းများ တွင် လမ်းလျှောက်ကာ တောင်း ဆိုမှုများ ပြုလုပ်ခြင်း၊ နိုင်ငံတော် သီချင်းများသီဆိုခြင်း၊ မြန်မာအ လုပ်သမားနှစ်ဦး လွတ်မြောက် ရေးအတွက် ပုံသဏ္ဌာန်သရုပ်ပြ ခြင်း၊ ရှမ်းအိုးစည်အဖွဲ့က တီးခတ်လှုံ့ဆော်ခြင်းများပြုလုပ်၍ ဆန္ဒပြ ခဲ့ကြသည်။

7Day Daily

0 comments:

Post a Comment