Thursday, December 31, 2015

‘‘သရုပ်ဆောင်လုပ်တော့မှ ပိုပြီးကံကောင်းလာတယ်’’ - ပိုးကြာဖြူခင်နှင့် စကားစမြည်


MRTV-4 ရုပ်သံလိုင်းမှ ထုတ် လွှင့်သော ရုပ်သံဇာတ်လမ်းတွဲ များကို ပရိသတ်အားပေးမှုရနေ သကဲ့သို့ ယင်းဇာတ်လမ်းတွဲများ တွင် ပါဝင်သည့် သရုပ်ဆောင်များမှာလည်း ပရိသတ်လက်ခံအား ပေးမှု ရရှိလာကြသည်။ လတ် တလော ထုတ်လွှင့်ပြသနေသည့် ‘ဝင်္ကပါစံအိမ်’ရုပ်သံဇာတ်လမ်း တွဲကိုလည်း ပရိသတ်များအားပေးနေကြရာ ယင်းဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်တစ်ဦးအ ဖြစ် ပါဝင်သရုပ်ဆောင်ထားသော ပိုးကြာဖြူခင်ကို ဇာတ်လမ်းတွဲအ ကြောင်းအပါအဝင် ၎င်း၏ အနု ပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။ပိုးကြာဖြူကနေပြီး ပိုးကြာဖြူခင် ဆိုတဲ့ နာမည်ပြောင်းဖြစ်ခဲ့တဲ့အ ကြောင်းလေး အရင်ဆုံးပြောပြ ပေးပါ။

အဖေ့နာမည်က ဦးခင်မြင့် ပါ။ အဲဒီအတွက်ကြောင့် အမေက သရုပ်ဆောင်လုပ်တဲ့အခါမှာ အဖေ့နာမည်လေးပါစေချင်တယ် ဆိုလို့ ပြောင်းဖြစ်တာပါ။

အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ရာ ကနေ သရုပ်ဆောင်ဘက်ကို ဘာကြောင့်ပြောင်းဖြစ်ခဲ့တာလဲ၊ သရုပ်ဆောင်အလုပ် စလုပ်တဲ့အ ချိန်မှာကော ဘယ်လိုအခက်အခဲ တွေရှိခဲ့သလဲ။

သရုပ်ဆောင်ဘက်ကို ပြောင်းတယ်ဆိုတာက အလှမယ် တို့၊ မော်ဒယ်အလုပ်တို့က အ သက်အပိုင်းအခြားရှိတယ်။ သရုပ်ဆောင်အလုပ်က အသက်အပိုင်း အခြားမရှိဘူး။ ကိုယ့်ရဲ့ဘဝအ တွက် ပရော်ဖက်ရှင်နယ်အလုပ် တစ်ခုအနေနဲ့လည်း လုပ်လို့ရတဲ့ အတွက် ပြောင်းခဲ့တာပါ။ သရုပ် ဆောင်အလုပ် စလုပ်တဲ့အချိန်မှာ အရင်က ရိုက်ခဲ့ဖူးတာလည်း မရှိ ဘူး။ သင်တန်းတက်ခဲ့ဖူးတာ မရှိ တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု တော်တော်လေး မွေးရတယ်။ MRTV-4 ထဲကို ရောက်တဲ့အခါ ကျတော့ အပြင်နဲ့မတူတာက သူ တို့က စိတ်ရှည်တယ်။ ကုမ္ပဏီ ကြီးလည်းဖြစ်တော့ ပံ့ပိုးမှုက လည်း အရမ်းကောင်းတယ်။ အဲဒီအတွက် ကိုယ်ထင်ထားသ လောက် အခက်အခဲမရှိခဲ့ပါဘူး။

အသစ်တစ်ယောက်ဖြစ်ပေမယ့် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် မေဘယ်မာရီမြင့်နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့ တာကကော ကုမ္ပဏီဘက်က ကမ်းလှမ်းခဲ့တာလား၊ ဘယ်လို ရိုက်ကူးခွင့်ရခဲ့တာလဲ။

ညီမက ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ညီမတို့ ရုံးမှာဆိုရင် စီနီယာ Talents သရုပ်ဆောင်တွေ အများကြီးရှိ တယ်။ ညီမတို့ကို စရွေးတုန်းက ၂၀၁၄ နှစ်ကုန်ပိုင်း Miss World ပြီးတဲ့အချိန်မှာ သရုပ်ဆောင်အ သစ် ၄၅ ယောက်ရွေးတယ်။ ရွေး ပြီးပြီးချင်း သင်တန်းသုံးလခေါ် တယ်။ အဲဒီသင်တန်းမှာ ဒါရိုက် တာကတွေ့ပြီး ဒီဇာတ်ကောင်နဲ့ ဒီရုပ်နဲ့ကိုက်ညီလောက်တယ်ဆို ပြီး လူရွေးတာတွေ မလုပ်ဘဲ ကမ်းလှမ်းပြီး ရိုက်ဖြစ်ခဲ့တာ။

သရုပ်ဆောင်အနေနဲ့ ပထမဆုံး စရိုက်ရတာက ဇာတ်လမ်းတွဲ လည်းဖြစ်တယ်။ ဇာတ်အိမ်က လည်း ကြီးတော့ဘယ်လို အခက် အခဲတွေ ကြုံခဲ့ရသလဲ။

ကိုယ်က ခေါင်းဆောင်နေ ရာကဆိုတော့ အရမ်းတာဝန်ကြီး ပါတယ်။ နောက်ပြီး ရှေးဟောင်း ပုံစံဆိုတော့ စကားပြောတာတွေ၊ နေတာထိုင်တာတွေ အဝတ်အ စား၊ ဆံပင်အကုန်လုံးကို ကိုယ့် အနေနဲ့ သတိထားရတယ်။ အခု ခေတ်ပုံ မဆန်အောင်၊ နောက်ပြီး ကိုယ်က အလှမယ်က လာတာဆို တော့ တစ်ခါတလေကျရင် မတ် တတ်ရပ်တာကအစ အလှမယ် ပုံစံပေါက်နေတယ်။ အဲဒီအခါကျ ရင် ဒါရိုက်တာက ဒါအလှမယ် မဟုတ်ဘူး။ သရုပ်ဆောင်နေတာ။ အဲဒီအခါကျရင် ကိုယ့်မှာလမ်း လျှောက်တာကအစ အကုန်ပြန် ပြောင်းရတယ်။ နောက်ပြီး ဒီကား ထဲမှာ မြင်းစီးရတယ်။ မြင်စီးရ မယ်ဆိုတာကို ဒီဇာတ်ကားရိုက်ဖို့ တစ်ပတ်လောက်အလိုမှ သိရတာ ဆိုတော့ မြင်းစီးတာကို ရက်ပိုင်း ပဲသင်လိုက်ရတယ်။ ရန်ကုန်က မြင်းနဲ့ နယ်ကမြင်းတွေကလည်း မတူတော့ ခဏခဏပြုတ်ပြုတ်ကျ တယ်။ အခက်အခဲတွေကတော့ အများကြီးပါပဲ။

ဒီဇာတ်ကားရိုက်ကူးရေးနဲ့ပတ် သက်ပြီး အမှတ်တရတွေရှိရင် လည်း ပြောပြပေးပါဦး။

အမှတ်တရဆိုရင် ဒီဇာတ် လမ်းထဲမှာ တစ်နေ့လုံး မိုးရေတွေ၊ဗွက်တွေထဲမှာ အပင်ပန်းခံပြီး ရိုက်ခဲ့ရတာတွေလည်း ရှိတယ်။

နောက်ပြီး မိုးလင်းပေါက် Night Scence တွေ၊ ပြင်ဦးလွင်ဆိုတော့ အရမ်းအေးတယ်လေ။ ညဘက် တောထဲမှာ ကိုယ်တစ်ယောက် တည်းလျှောက်သွားရတဲ့ အခန်း တွေဆိုရင်လည်း ကြောက်စရာ လည်း အရမ်းကောင်းတယ်။ အ မှတ်တရအဖြစ်ဆုံးဆိုရင် မင်းသား နဲ့ မင်းသမီး နှစ်ယောက်မြင်းတစ် စီးတည်းကို စီးတဲ့အချိန်မှာ အောင်မင်းခန့်က ဇက်ကြိုးကိုမနိုင်ဘဲ မြင်းကဝင်သွားတော့ နှစ်ယောက် စလုံးမြင်းဇောင်းအမိုးနဲ့ တိုက်မိပြီး ပြုတ်ကျတာ။ အဲဒီတုန်းက တော် တော်လေးလည်း နာသွားတယ်။

ပရိသတ်တွေက မေဘယ်မာရီမြင့်အနေနဲ့ အသိအမှတ်ပြုသူတွေရှိ သလို အသစ်တစ်ယောက်ဖြစ်တာ ကြောင့် လိုအပ်မှုတွေရှိတယ်လို့ ဝေဖန်မှုတွေလည်းရှိတော့ ကိုယ့် ကိုယ်ကိုယ် အားရကျေနပ်မှုအနေ နဲ့ ဘယ်လိုရှိသလဲ။

ပရိသတ်အားပေးမှုကတော့ အရမ်းအားရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်ကခေါင်းဆောင် နေရာလည်း ဖြစ်တယ်၊ အရမ်း လည်း ကြိုးစားထားတယ်။ ဒါပေ မဲ့ အသစ်တစ်ယောက်ဆိုတော့ လိုအပ်ချက်တွေကတော့ အများ ကြီးရှိမှာပါ။ ပရိသတ်တော်တော် များများက အားပေးကြတာ တွေ့ ရတယ်။ ကိုယ်မျှော်လင့်ထားတာ ထက် အားပေးတဲ့အတွက် ဝမ်း သာပါတယ်။ တချို့ပရိသတ်တွေ အမြင်မှာ ကိုယ်ကအသစ်၊ ကိုယ့် ကို လက်မခံနိုင်သေးဘူးဆိုပေ မယ့် သူတို့လက်ခံလာနိုင်လောက် တဲ့အနေအထားအထိ ညီမရဲ့ အနုပညာကို ပိုပြီးကောင်းအောင် ကြိုးစားနေပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေအတွက် ရွေးချယ်တဲ့အလှမယ်ပြိုင်ပွဲ တော်တော်များများမှာ ဝင်ပြိုင်ဖူးပေ မယ့် ဆုနဲ့တော့ လွဲခဲ့တယ်။ သရုပ်ဆောင်ဘက်မှာတော့ ပထမဆုံး ဇာတ်ကားမှာတင် ပရိသတ်သတိ ပြုမှုရခဲ့တာဆိုတော့ သရုပ်ဆောင်နဲ့ ပိုပြီးအကျိုးပေးတယ်လို့ ယူဆ မိလား။

တော်တော်များများလည်း ပြောကြတယ်။ သရုပ်ဆောင်လုပ် တော့မှ ပိုပြီးကံကောင်းလာတယ်။ ဒီအလုပ်နဲ့ ကိုယ်နဲ့ ကံစပ်တယ်လို့ ထင်ပါတယ်။

အပြင်သွားရင် ပရိသတ်တွေက မေဘယ်မာရီမြင့်အနေနဲ့ နှုတ်ဆက်တာကော ခံရဖူးလား။

ညီမက တော်ရုံတန်ရုံအပြင် သိပ်မထွက်ဖြစ်ဘူး။ ပွဲသွားတာ တွေနဲ့ ရှုတင်တွေလောက်ပဲ အပြင်ထွက်ဖြစ်တာ။ ကျောင်းထဲမှာ ရိုက်တဲ့နေ့ကတော့ တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲကို လည်း တော်တော်အားပေးကြ တော့ အဲဒီအချိန်ဆိုရင်တော့ တော်တော်ပျော်တယ်။

ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲပြီး တော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေဆက်ရိုက်ဖြစ်သလဲ။

အဲဒီဇာတ်လမ်းတွဲရိုက်ပြီး တဲ့အချိန်မှာ ညီမတို့ MRTV-4 မီဒီယာကမ္ဘာကပဲရိုက်တဲ့ ‘ကွန် ရက်ကကြိုး’ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားရိုက်လို့ပြီးသွားပါပြီ။ အဲ ဒီရုပ်ရှင်ကိုတော့ ၂၀၁၆ နှစ်ကုန် ပိုင်းမှာ ရုံပြိုင်စနစ်နဲ့ပြဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

အရင်က ပြိုင်ပွဲတွေအများကြီး ပြိုင်ခဲ့တဲ့ အလှမယ်ဘဝကိုကော လုံးဝစွန့်လွှတ်လိုက်ပြီလား၊ ပြန် ပြိုင်ဖို့အစီအစဉ်ရှိဦးမလား။

Miss ကတော့ ညီမတို့ရုံးက လည်း ပြိုင်ဖို့ခွင့်မပြုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Miss ပြိုင် ပွဲဝင်တာက အချိန်အရမ်းပေးရ တယ်လေ။ စိတ်ရော၊ လူရော၊ အချိန်ရော အရမ်းရင်းနှီးရတယ်။ ရလဒ်ကလည်း မသေချာဘူး။ သရုပ်ဆောင်တဲ့ ရလဒ်ကသေချာ တယ်။ လောလောဆယ်တော့ သရုပ်ဆောင်အပြင် မော်ဒယ်အ လုပ်တွေကို ဆက်လုပ်သွားမှာပါ။

ပိုးကြာဖြူအနေနဲ့ရော အခု ပိုးကြာဖြူခင်အနေနဲ့ရော အားပေးနေတဲ့ ပရိသတ်တွေအတွက် စကား လက် ဆောင်လေး ပြောပေးပါဦး။

အရင်က အားပေးခဲ့တဲ့ ပရိ သတ်တွေကိုရော၊ အခုလက်ရှိ အားပေးနေတဲ့ ပရိသတ်တွေကို ရော အားလုံးကို ကျေးဇူးတင်ပါ တယ်။ ညီမအနေနဲ့ လိုအပ်ချက် တွေရှိတယ်ဆိုရင်လည်း လိုအပ် ချက်တွေကို ပရိသတ်စိတ်ကြိုက် ဖြစ်အောင် ပြုပြင်သွားပါမယ်။ ပရိသတ်တွေလက်ခံနိုင်တဲ့အချိန် အထိ ကြိုးစားသွားပါမယ်။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment