Wednesday, December 16, 2015

ဗီဒီယို အကြိုခံစားခြင်း-ဂယ်ဘဲ ဂယ်ဘဲ


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ လူငယ်ဟာသ ကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။

အာကာနွေဦးက တစ်ဦး တည်းသောသားပါ။ သူ့မိဘတွေ က သူ့ကိုအလိုလိုက်ထားပေမယ့်အာကာနွေဦးရည်းစားတွေ ထားတာကိုတော့မကြိုက်ပါဘူး။ အဲဒါကြောင့် ပြောလို့မရတဲ့ အဆုံး ရန်ကုန်မှာရှိတဲ့ သူတို့မိတ်ဆွေရဲ့ သမီးနဲ့ ပေးစားဖို့ စီစဉ်ပါတယ်။ အာကာနွေဦးက ရည်းစားတွေ ထားပေမယ့် အိမ်ထောင်တော့ မပြုချင်သေးပါဘူး။ အဲဒါကြောင့် သူ့မိဘတွေသဘောတူထားတဲ့ ကောင်မလေးဘက်က လက်မခံ အောင် သူ့ဦးလေးကို အကြံ တောင်းခဲ့ပါတယ်။မြဝတ်ရည်ချက်ကြီးက အာ ကာနွေဦးနဲ့သဘောတူထားတဲ့ ကောင်မလေးပါ။ မြဝတ်ရည်က သူ့ဆီပို့ပေးလိုက်တဲ့ အာကာနွေဦးရဲ့ဓာတ်ပုံကိုကြည့်ပြီး သဘောကျခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဆီ ကို အာကာနွေဦးတို့ရောက်လာ ချိန်မှာတော့ သူ့အထင်နဲ့အမြင် လွဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ဓာတ်ပုံထဲမှာ မင်းသားတစ် ယောက်လို့ထင်ရတဲ့အာကာနွေဦး က အပြင်မှာတော့ အလှအပ အရမ်းကြိုက်ပြီး နွဲ့နေတာကြောင့်ပါ။

အာကာနွေဦးကတော့ သူနဲ့ သဘောတူထားတဲ့ကောင်မလေး အိမ်ကိုလာတဲ့အချိန်မှာ သူ့ဦးလေးရဲ့အကြံအတိုင်း နွဲ့နေတဲ့သူတစ် ယောက်အဖြစ် ဟန်ဆောင်လာခဲ့ပါတယ်။ သူ့အကြံကတော့ သူနွဲ့နေတာကိုကြည့်ပြီး ကောင်မလေးဘက်ကငြင်းအောင်ပါ။ ဒါမှ မဟုတ်ရင်လည်း ကောင်မလေးရဲ့မိဘတွေက ငြင်းအောင်ဆိုပြီး လုပ်ခဲ့တာပါ။

အဲဒီလောက် မကသေးပါဘူး။ အာကာနွေဦးက မြဝတ်ရည်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အချိန်မှာလည်း မြဝတ်ရည်ရဲ့သူငယ်ချင်းကောင်လေးကို အထာတွေပေးခဲ့ပါတယ်။ နောက်ဆုံး အဲဒီကောင်လေး ပြေး သွားတဲ့အထိ အာကာနွေဦးကို ကြောက်သွားခဲ့ပါတယ်။

နှစ်ဖက်မိဘတွေက ရင်းနှီးမှုတွေရှိနေတာကြောင့် အာကာနွေဦးကို မြဝတ်ရည်တို့ဘက်က ခါးခါးသီးသီး မငြင်းကြဘဲ လက်ခံထားကြပါတယ်။ အဲဒါကြောင့် အာကာနွေဦးကတော့ သူ့ကို မငြင်းငြင်းအောင် တစ်ဆင့်ထက် တစ်ဆင့် ကြိုးစားနေပါတယ်။

မြဝတ်ရည်တို့ဘက်ကလည်းအာကာနွေဦးကို တရားဝင်မငြင်းပေမယ့် သိပ်တော့မကြိုက်လှပါဘူး။ မြဝတ်ရည်ကလည်း ခဏတော့စောင့်ကြည့်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အာကာနွေဦးတစ်ယောက် မြဝတ်ရည်တို့ဘက် ကငြင်းအောင် ဘယ်အတိုင်းအတာအထိ ဆက်လုပ်မလဲ။ မြဝတ်ရည်ကကော ဘယ်အချိန်အထိ အာကာနွေဦးကို သည်းခံ နိုင်မလဲဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးကဖြန့်ချိပေးထားတဲ့ ဂယ်ဘဲဂယ်ဘဲ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ အာကာနွေဦးအဖြစ် ဇေရဲထက်၊ မြဝတ် ရည်ချက်ကြီးအဖြစ် သွန်းဆက်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရာဇဝင်ကိုရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာသားကြီးက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment