Sunday, December 20, 2015

စင်ကာပူရှိ မြန်မာအိမ်ရှင်က အဝတ်လှန်းသည့်သတ္တုချိတ်များ၊ သတ္တုချောင်းများဖြင့် ရိုက်နှက်ခဲ့သည်ဟု အနှိပ်စက်ခံ မြန်မာအိမ်အကူအမျိုးသမီး စွပ်စွဲ

အိမ်ဖော်အား အိမ်ရှင်ကရိုက်နှက်ထားသည့် ဒဏ်ရာများကိုတွေ့ရစဉ်။ ဓာတ်ပုံ-(TNPS)

စင်ကာပူနိုင်ငံတွင် အိမ်အကူ လုပ်နေသော မြန်မာ အမျိုးသမီးက ၎င်းကို သူမ၏အလုပ်ရှင်ဖြစ်သူ မြန် မာအမျိုးသမီးက အဝတ်လှန်းသည့် ချိတ်၊ သတ္တုချောင်း များဖြင့် ရိုက်နှက် နှိပ်စက်သည်ဟု စွပ်စွဲလိုက်ကြောင်း The Newspaper on Sunday (TNPS) တွင် ဖော်ပြသည်။
ထိုအိမ်အကူအမျိုးသမီးမှာ အ သက် ၂၃ နှစ်အရွယ် မအိဖြူထွန်း ဆိုသူဖြစ်ပြီး သူမသည် ထိုမိသားစု ထံ၌ ဧပြီလမှ စတင်အလုပ်လုပ်ခဲ့ ကြောင်း၊ ပထမနှစ်လတွင် အဆင် ပြေခဲ့သော်လည်း ဇွန်လနှောင်း ပိုင်း မှစတင်ကာ အိမ်ရှင်အမျိုးသမီးက သူမကိုရိုက်နှက်ကြောင်း စကားပြန် မှတစ်ဆင့် ပြောပြသည်။ထိုမိသားစု၏ ကလေးနို့ဘူးမ ဆေးဟုစွပ်စွဲကာ သူမကို ပထမဆုံး အကြိမ်ပါးရိုက်ကြောင်း၊ နောက်ပိုင်း တွင် ရိုက်နှက်မှုများမှာ ပိုမိုမြင့်တက် လာကြောင်းလည်း သူမက ပြောသည်။ သူမက ထိုအိမ်ရှင်မ သည် သူမအား အဝတ်ချိတ်အပြင် သတ္တုချောင်းဖြင့် လည်းရိုက်ကြောင်းစွပ်စွဲကာ မလုပ် ပါနှင့်ဟုပြောလျှင် ပိုမိုဆိုးရွားစွာ အရိုက်ခံရခြင်းကြောင့် ထိုသို့လည်း မပြောရဲခဲ့ဟုဆိုသည်။
စက်တင်ဘာ ၂ ရက်တွင် သူ မသည် အခွင့်အရေးရသောကြောင့် ထိုအိမ်မှထွက်ပြေးခဲ့ကာ အောက်ထပ် ၌နေသူ တစ်ဦးနှင့်တွေ့ကြောင်း၊ သူမ က အကူအညီတောင်းရာ ထိုသူက ဒေါ်လာ ၂၆ ဒေါ်လာပေး ၍ လူ့ စွမ်းအားဝန်ကြီးဌာန (MOM) သို့ တက္ကစီဖြင့်သွားရန် ညွှန်ကြားခဲ့သည် ဟု သူမကပြောပြသည်။ ရဲတပ်ဖွဲ့က သူမထံမှ ထွက်ဆိုချက်ယူကာ သူမ ၏ဒဏ်ရာများ ကို မှတ်တမ်း တင်ခဲ့ ကြောင်းလည်း သူမက ပြောသည်။
လက်ရှိတွင် မအိဖြူထွန်း သည် စင်ကာပူ၌ရှိနေဆဲပင်ဖြစ်ပြီး သူမ၏ အမှုစုံစမ်းစစ်ဆေးပြီးချိန်အထိ စင် ကာပူ၌ နေထိုင်ရ မည်ဖြစ်သည်။ ထို စုံစမ်းမှုပြီးနောက် ဘာဖြစ်မည်ကို သေ သေချာချာမ သိရသေး သော်လည်း မအိဖြူထွန်းက သူမ၏မိသားစုထံသို့ သာပြန်လိုကြောင်း TNPS နှင့်အင် တာဗျူးတွင် ပြောခဲ့သည်။ွှTNPS နှင့်အင်တာဗျူးအား ရွှေ့ပြောင်းနေ ထိုင်သူများအကျိုးစီးပွား ဆိုင်ရာ လူ သားချင်းစာနာမှုအဖွဲ့ (Home)က ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

Democracy today

0 comments:

Post a Comment