Monday, December 28, 2015

ဇာတ်ကားတွေ ပိုရိုက်ဖြစ်နေတဲ့ နန်းဆုဦး



ဂီတနှင့် ရုပ်ရှင်နှစ်ဖက် စလုံးတွင် လှုပ်ရှားမှုများ ပြုလုပ်ဖြစ်သော်လည်း သရုပ်ဆောင်ပိုင်းကို ပို၍နှစ်သက်သောကြောင့် ဇာတ်ကားများ ပိုမိုရိုက်ကူးဖြစ် ကြောင်း သရုပ်ဆောင် နန်းဆုဦး က ပြောသည်။

‘‘နှစ်ဖက်ခွပြီး လုပ်ရမှာ မလုပ်ချင်လို့ပါ။ သူများတွေဆို အယ်လ်ဘမ်တွေထုတ်တယ်။ နန်းဆုကတော့ အဲဒီလိုမလုပ်ချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးရီး မှာလည်း အားစိုက်၊ ဒီဘက်မှာ လည်း အားစိုက်ဆိုရင် တစ်ဖက် ဖက်မှာ လျော့သွားမှာစိုးလို့ပါ’’ဟု နန်းဆုဦးက ပြောသည်။ထို့အပြင် သရုပ်ဆောင်ရ ခြင်းကို ကြိုက်သလို ပျော်လည်း ပျော်ရွှင်သောကြောင့် သီချင်းဆို ခြင်းထက် ဇာတ်ကားများကို ပိုမို ရိုက်ကူးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ လတ်တလော အနုပညာလှုပ်ရှားမှုအဖြစ် ဘန်ကောက် တွင် ဇေရဲထက်နှင့် ဇာတ်ကားနှစ် ကား ရိုက်ကူးထားပြီး ရိုက်လက်စ ရုပ်ရှင်တစ်ကားလည်း ဆက်လက်ရိုက်ကူးနေကြောင်း နန်းဆုဦးက ပြောသည်။

‘‘ဇန်နဝါရီ ၁ ရက်မှာ ရုပ်ရှင် ကားကြီးတစ်ကား ထပ်ရိုက်ရ မယ်။ သရဲကား၊ ဦးညို (ညိုမင်း လွင်)ရိုက်မှာ’’ဟု နန်းဆုဦးက ပြောသည်။ ဇာတ်ကားများရိုက်ကူးရာတွင် ဇာတ်လမ်းကောင်းကောင်းနှင့် ဒရာမာဇာတ်ကားများရိုက်ရ ခြင်းကို အားသန်ပြီး ဒါရိုက်တာ ကိုလည်းရွေး၍ ဇာတ်ကားများ လက်ခံဖြစ်သည်ဟုဆိုသည်။

7Day Daily

0 comments:

Post a Comment