Monday, December 28, 2015

မြန်မာ့ရုပ်ရှင်ရိုက်ကူးမှုပုံစံ ပြောင်းလဲဖို့လိုပြီ ပြောတဲ့ ဖွေးဖွေး


သရုပ်ဆောင်တစ်ဦး အနေဖြင့် ဇာတ်ကားရိုက်ကူးရာ တွင် ဇာတ်ကောင်စရိုက်ပီပြင်မှု အတွက် အစ၊ အဆုံးကိုယ်တိုင် စီစဉ်နေရသည့်ကိစ္စကို ပြောင်း လဲရန် လိုအပ်နေပြီဖြစ်ကြောင်း သရုပ်ဆောင်ဖွေးဖွေးက ပြောသည်။‘‘ဖွေးတို့လောကက တစ်ခုခု တော့ ပြောင်းသင့်ပြီထင်တာပဲ။ တခြားနိုင်ငံတွေကို အထင်ကြီး တာမဟုတ်ပေမယ့် သူများဆီက ကောင်းတာတွေကို အတုခိုးဖို့လို တယ်။ ကြော်ငြာတွေ နိုင်ငံခြားမှာ သွားရိုက်ရင်လည်း အဲဒီလိုပဲ။ ကိုယ်ကလူပဲ သွားစရာလိုတယ်။ အကုန်ပြင်ဆင်ပေးတယ်။ ဖွေးတို့ ကျတော့ ကာရိုက်တာဝင်ဖို့ ကိုယ် ပဲပြင်ဆင်၊ ကိုယ်ပဲစီစဉ်ဆိုတော့ ရိုက်ရင်းရိုက်ရင်း မောလာသလို ပဲ’’ဟု ဖွေးဖွေးက ပြောသည်။

ယင်းကဲ့သို့ အဖွဲ့အစည်းများ ဖြင့် လုပ်နိုင်ရန် အချင်းချင်းညီ ညွတ်ရန် လိုအပ်သကဲ့သို့ လုပ် ဆောင်ပေးမည့်အဖွဲ့များအတွက် လည်း ဝင်ငွေမျှတရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ဇာတ် ကားရိုက်ကူးမှုများကို နှစ်လခန့် ရပ်နားထားမည်ဖြစ်ပြီး ၂၀၁၆ မတ်လမှသာ ပြန်လည်ရိုက်ကူး ရန် လက်ခံထားကြောင်း ဖွေးဖွေး က ပြောသည်။

‘‘ဖွေးရဲ့ ပုဂ္ဂလိကခံယူချက် ပါ။ ဖြည်းဖြည်းမှန်မှန်ပဲလုပ်သွား တာ ကြိုက်တယ်။ ကားတစ်စီးက ခရီးတွေသွားပြီးရင် Maintenanceလုပ်သလိုပေါ့။ သရုပ်ဆောင်တွေ ဆိုတာလည်း စိတ်နဲ့အလုပ်လုပ် တယ်။ ခန္ဓာကိုယ်နဲ့ အလုပ်လုပ် တယ်။ အဲဒီတော့ အလုပ်လုပ်ပြီး ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မွမ်းမံဖို့လိုတယ်လို့ ထင်တယ်။ ကိုယ့်စိတ်ကိုရော ခန္ဓာကိုယ်ကို ရောပေါ့’’ဟု အနားယူရသည့်အ ပေါ် ၎င်း၏ ခံယူချက်ကို ပြော သည်။

ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာဝိုင်းနှင့် ‘တတိယလူ’ဆို သည့် ရုပ်ရှင်တစ်ကား ရိုက်ကူး ရန် လက်ခံထားပြီး ၂၀၁၆ နှစ် လယ်တွင် ရိုက်ကူးမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မိန်းကလေး ဇာတ်ရုပ်ကို အသားပေးရိုက်ကူးသည့် ‘ချုပ်ဆေး’ ဇာတ်ကား အောင်မြင်မှုနှင့် ပတ်သက်၍ ဖွေးဖွေးက ယခုကဲ့သို့ ပြောသည်။

‘‘ဒီကားက မိန်းကလေးအ ချင်းချင်း အားပေးတဲ့ကားမျိုး။ ယောက်ျားမရှိလည်း မိန်းကလေး ဆိုတာ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်အရည်အချင်းကို နားလည် တဲ့ မိန်းမတစ်ယောက်ဖြစ်ရင်မလို ဘူး။ ဟာသပေမယ့် နောက်ဆုံး သင်ခန်းစာလေးတွေပါတယ်။ အသည်းကွဲနေတဲ့သူတွေလည်း ကြည့်ရင် စိတ်ပျော်အောင် ပွင့် သိင်္ဂီဇော်နဲ့တိုင်ပင်ပြီး ရိုက်ဖြစ် တာ’’ဟု ဖွေးဖွေးက ပြောသည်။

7Day Daily

0 comments:

Post a Comment