Wednesday, December 16, 2015

မော်ရင်ဟိုကို၏ အနာဂတ်ကို ဆွေးနွေး



ချယ်လ်ဆီးအသင်း၏ ဒါရိုက်တာအဖွဲ့သည် ယမန်နေ့ က မန်နေဂျာ မော်ရင်ဟိုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သဖြင့် ၎င်း၏ အနာဂတ်မှာ မေးခွန်းထုတ် စရာဖြစ်လာသည်။

ယခုနှစ် ပရီးမီးယားလိဂ်ပွဲ ၁၆ ပွဲတွင် လက်ရှိချန်ပီယံအသင်းက အဘယ်ကြောင့် ကိုးပွဲအထိ ရှုံးနိမ့်ခဲ့ရသနည်းဆိုခြင်းကို ဆွေးနွေးရာ၌ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကိုယ်တိုင် ဦးဆောင်ခဲ့သည်။တနင်္လာနေ့က လက်စတာ ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးသည် တန်းဆင်းဇုန်မှ တစ်မှတ်သာ ကွာဝေးတော့သည်။ မော်ရင်ဟို၏ အခန်းကဏ္ဍမှာ အခြေအနေပြောင်းလဲအောင်မည်သို့လုပ်ဆောင်မည်နည်းဟူ၍ဖြစ်ကာ အရေးပေါ်အစည်း အဝေး ခေါ်ယူခြင်းမျိုးမရှိခဲ့ဟုဆိုသည်။ချယ်လ်ဆီးအသင်းက မည် သို့ဆုံးဖြတ်မည်နည်းဆိုသည်မှာ မရှင်းလင်းသေးဘဲ စနေနေ့တွင်ကစားမည့် ဆန်းဒါးလန်းနှင့် ချယ်လ်ဆီးအိမ်ကွင်းပွဲ၌ မော်ရင်ဟို တာဝန်ယူဦးမည်လားဆိုသည်မှာ မသေချာပေ။

မော်ရင်ဟို၏ ဒုတိယအကြိမ်အသင်း ပြန်လည်ကိုင်တွယ်မှုကို ပိုင်ရှင်မိုဗစ်ခ်ျက ပြီးခဲ့သည့် အောက်တိုဘာအတွင်း လူသိရှင် ကြားထောက်ခံချက်ပေးခဲ့သော် လည်း ပြည်တွင်းပြိုင်ပွဲရလဒ်များမှာတိုးတက်မှုမရှိခဲ့ပေ။ အသင်းသည် ၁၅ မှတ်သာရပြီး အဆင့် ၁၆နေရာ၌ ရပ်တည်နေသည်။

—Ref:BBC
7Day Daily

0 comments:

Post a Comment