Sunday, December 27, 2015

ဗီဒီယို အကြိုခံစားခြင်း-သံယောဇဉ်နှောင်ကြိုး


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ အိမ်ထောင်ရေးဇာတ် ကားလေးတစ်ကားအကြောင်းကို ညွှန်ပေးလိုက်ပါတယ်။

နေနိုင်က ရွှေဘုံစံကို မြင် မြင်ချင်းစိတ်ဝင်စားခဲ့ပါတယ်။ နေနိုင်က ရည်းစားများတာမဟုတ် ပေမယ့် ကောင်မလေးတွေနဲ့တော့ ရင်းရင်းနှီးနှီး နေတတ်ပါတယ်။ အဲဒါကြောင့် ရွှေဘုံစံက နေနိုင့်ကို မယုံခဲ့ပါဘူး။ အဲ့ဒီကိစ္စရဲ့ အကျိုး ဆက်ကတော့ နေနိုင်က မိဘစုံရာ နဲ့ ရွှေဘုံစံကို တောင်းခဲ့တာပါပဲ။ အဲဒါကြောင့် သူတို့နှစ်ယောက် အိမ်ထောင်သည်ဘ၀ကို ရောက် ခဲ့ကြပါတယ်။နေနိုင်နဲ့ ရွှေဘုံစံတို့က တိုက်ခန်း တစ်ခန်းငှားပြီး နှစ်ယောက်တစ်ဘ၀ထူထောင်ခဲ့ကြ ပါတယ်။ နှစ်ယောက်အတူတူနေ တဲ့အချိန်မှာတော့ အဆင်မပြေမှု တွေ ဖြစ်ခဲ့ပါတယ်။ ရွှေဘုံစံက နေနိုင့်ကို စည်းကမ်းတကျနေစေ ချင်ပေမယ့် နေနိုင်က ဖြစ်သလို နေတတ်ပါတယ်။ အဲ့ဒီလိုအပြစ် တစ်ခုလုပ်တိုင်း ရွှေဘုံစံက အမြဲ ဗျစ်တောက်ဗျစ်တောက်ပြောလေ့ရှိပါတယ်။ နောက်ဆုံး ဘယ်လောက်ထိလဲဆိုရင် ညပိုင်း ဘောလုံးပွဲကြည့်ရင်တောင် ရွှေဘုံစံက ဇာတ်လမ်းတွဲကြည့်နေတာကြောင့် မကြည့်ရတဲ့ဘ၀ပါ။

အဲ့ဒီလိုနဲ့ ရွှေဘုံစံရဲ့ မွေးနေ့မှာ ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ကြပါတယ်။ ပြဿနာရဲ့ အစက နေနိုင်ရဲ့ ၀ါသနာကြောင့်ပါ။ နေနိုင်က မျက်လှည့်ကို အရမ်းဝါသနာပါပါတယ်။ ဖြစ်ချင်တော့ ရွှေဘုံစံရဲ့ မွေးနေ့မှာ မျက်လှည့် ပစ္စည်းတစ်ခုရဖို့ စောင့်နေရတာကြောင့် အိမ်ပြန်ချိန်နောက်ကျခဲ့ရပါတယ်။ အိမ်မှာစောင့်နေတဲ့ ရွှေဘုံစံက နေနိုင်ပြန်လာတဲ့အချိန်မှာ ဒေါသတွေ ပေါက်ကွဲခဲ့ပါ တယ်။ အဲ့ဒီအပြင် နေနိုင်အချိန်ပေးပြီးရှာလာတဲ့ မျက်လှည့် ပစ္စည်းလေးကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီး နေနိုင်နဲ့မပေါင်းနိုင်တော့ဘူး။ ကွာရှင်းမယ်ဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

နေနိုင်နဲ့ ရွှေဘုံစံတို့ ကွာရှင်း ခဲ့ကြပါတယ်။ နေနိုင်လည်း ရွှေ ဘုံစံလုပ်ချင်တာလုပ်ဘာမှဆက်မပြောတော့ပါဘူး။ ဒါပေမဲ့လည်း သူတို့ ရေစက် မကုန်သေးဘူးပဲ ပြောရမလား။ ရွှေဘုံစံက သူနေဖို့ အိမ်ရှာဖို့ ရှိနေတာကြောင့် အဲ့ဒီ အိမ်မှာပဲ ဆက်နေဖို့ဖြစ်လာခဲ့ပါ တယ်။ ကွာရှင်းပြီးပြီဖြစ်သွားတာ ကြောင့် သူစိမ်းတွေဖြစ်နေတဲ့ နေ နိုင်နဲ့ ရွှေဘုံစံတို့ နှစ်ယောက်အ တူနေရတာ ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။ ရေချိုးခန်းတံခါး ပျက်နေတာကြောင့် ရွှေဘုံစံရေ ချိုးနေတုန်း နေနိုင်က အိမ်သာ တက်ဖို့ ၀င်လာတာတွေ ကြုံရပါ တယ်။ ကွာရှင်းပြီးပေမယ့် တစ် အိမ်ထဲအတူနေရတဲ့ နေနိုင်နဲ့ ရွှေ ဘုံစံတို့ ဇာတ်လမ်း ဘာဆက်ဖြစ် မလဲဆိုတာကိုတော့ အောင်သီရိ ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ပဉ္စလက်နှောင်ကြိုးဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှု စားပေးပါ။ ဒီဇာတ်ကားမှာနေနိုင်အဖြစ် အောင်ရဲလင်း ရွှေဘုံစံအဖြစ် သင်ဇာဝင့်ကျော်တို့က ပါဝင်

သရုပ်ဆောင်ထားပါတယ်။ ဇန်ရဲ့ ဇာတ်လမ်းကို ကိုရွှေမိုးသက်ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူး ပုံဖော်ထားပါတယ်။ ။

7Day Daily

0 comments:

Post a Comment