ထိုင်းနိုင်ငံ ဥဒုံဌာနီမြို့ထဲကို အေးအေးလူလူ လမ်းလျှောက်ကြည့်မယ်ဆိုရင်တော့ တခြားမြို့ကြီးတွေနဲ့ ကွာဟချက်မရှိတာကို ခရီးသွားတွေက သတိထားမိမှာ ဖြစ်ပါတယ်။
ဒေသခံတွေက ရင်းနှီးဖော်ရွေကြသလို လမ်းတွေမှာလည်း စားသောက်ဆိုင်တန်းတွေ၊ ကြီးမားတဲ့ ဈေးဝယ်စင်တာတွေ တွေ့ရမှာဖြစ်ပြီး အရှေ့မြောက်ပိုင်းက အချက်အချာကျတဲ့ ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ မြို့ကြီးတမြို့ဖြစ်နေပါတယ်။
ဒါပေမယ့် နေ၀င်ပြီး မြို့တော်ရဲ့ ညဈေးကနေ ၅ မိနစ်အကွာမှာ ရှိတဲ့ ပတ်ဝန်းကျင်ကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။