Tuesday, September 20, 2016

လူ့ချွေးမှ စွမ်းအင် ထုတ်ယူနိုင်သည့် နည်းလမ်းများ တီထွင်


လူသား၏ ချွေးနှင့် နှလုံးခုန်နှုန်းများကတစ်ဆင့် စွမ်းအင် ထုတ်လုပ်နိုင်မည့် နည်းစနစ် တစ်ခုကို မြောက်ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက တီထွင် နိုင်ခဲ့ကြောင်း Science ဂျာနယ် သတင်းတွင် ဖော်ပြထားသည်။ 
ယင်းတက္ကသိုလ်မှ ပညာရှင်များသည် ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် ကိုယ်ခန္ဓာက ထွက်လာသော ချွေးများကို အခြေခံသည့် စွမ်းအင် တစ်မျိုးကို တီထွင်လျက် ရှိပြီး ဝတ်ဆင်ထားသည့် နာရီ သို့မဟုတ် စမတ်ဖုန်းများကို လုံလောက်စွာ စွမ်းအင် ပြန်ပေးနိုင်သော အနေအထားကို ရရှိစေရန် ဖန်တီးနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

လူသားတို့ ဝတ်ဆင်ထားသည့် အဝတ်အစားများပေါ်တွင် Thermoelectric Generator ဆိုသည့် အသေးစား စက်ကလေးများကို ကပ်ခွာများဖြင့် ကပ်ထားလိုက်ရုံဖြင့် ကိုယ်ခန္ဓာကတစ်ဆင့် ထုတ်ပေးလိုက်သည့် အပူငွေ့ကို စွမ်းအင်များအဖြစ် ပြောင်းလဲ ပေးနိုင်မည်ဖြစ်သည်။ 
လက်ရှိ တီထွင်ထားသည် ဂျင်နရေတာ အသေးစားလေးသည် တစ်စင်တီမီတာ ပတ်လည်လျှင် 20 μW အထိ လျှပ်စစ်အားကို ထုတ်ပေးနိုင်ပြီး 1 microwatt အားနှင့် ညီမျှကြောင်း တီထွင်သူများက ပြောကြားသည်။ 
လူတို့၏ ကိုယ်ခန္ဓာတွင် ဝတ်ဆင်ရသည့် အသေးစား ဂျင်နရေတာလေးများသည် လူတို့၏ အပူချိန် အနည်းအများနှင့် ချွေးထွက်မှု၊ လေဟာနယ်စသည့် ကွာခြားမှုများကို လိုက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သည့် ပမာဏလည်း ကွာခြား သွားနိုင်ကြောင်း၊ မိမိတို့ တီထွင်ထားသည့် ဂျင်နရေတာသည် ပိုလီမာအလွှာ တစ်ထပ်ကို အပေါ်တွင် အုပ်ပေး ထားသောကြောင့် သာမန် အပူချိန်လောက်နှင့်ပင် ထုတ်ပေးထားသည့် စွမ်းအင်ကို ထိန်းပေးနိုင်စွမ်း ရှိကြောင်း တီထွင်သူ ပညာရှင် ဒါရုရှ် ဗာရှီးက ပြောကြားသည်။ 
ဗာရှီးနှင့်အဖွဲ့ တီထွင်ထားသည့် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သော ဂျင်နရေတာလေးများကို လူတို့၏ အဝတ်အစားတွင် ကပ်ထားရုံသာမ၊ လက်ဖျံနှင့် လက်မောင်းများတွင်လည်း ပတ်ထား၍ ရကြောင်း၊ အထူမှာ ၂ မီလီမီတာ သာရှိသဖြင့်လည်း တပ်ဆင်ရသည်မှာ သက်သောင့်သက်သာ ဖြစ်စေနိုင်ကြောင်း၊ TEG (thermoelectric generators) ဟု အမည် ပေးထားသည့် ပစ္စည်းလေးများသည် တစ်စင်တီမီတာ ပတ်လည်လောက် ဝတ်ဆင်ထားရုံဖြင့် စွမ်းအင်ကို ရရှိနိုင်ကြောင်း Science သတင်းတွင် ရေးသားထားသည်။ 
မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ တီထွင်သူများသည် TEG တီရှပ်များကို 6 μW/cm2 အထိ လျှပ်စစ်စွမ်းအားကို ထုတ်ပေးနိုင်စေရန် တီထွင်ထားသည်။
The Voice

0 comments:

Post a Comment