Wednesday, September 21, 2016

မတရားမှုအတွက် အဖြေ



နှိပ်စက်ခံထားရသည့် မိန်းကလေးငယ်က ၎င်း၏ ဒဏ်ရာများကို ပြသနေစဉ် (ဓာတ်ပုံ − နစ်ကီ)
ပြီးခဲ့သည့်ရက်က  Myanmar Now သတင်းအေဂျင်စီ မှ သတင်းထောက်တစ်ဦး၏ ဖော်ထုတ်ရေးသားသည့် သတင်းတစ်ပုဒ်က လူထုအကြား လှုပ်ခတ်သွားခဲ့သည်။
သတင်းက အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ်နှစ်ဦး မတရား နှိပ်စက်ခံရသည့် သတင်းဖြစ်သည်။

မိန်းကလေးငယ်များ၏ ခန္ဓာကိုယ် အနှံ့တွင် ဒဏ်ရာဗရပွဖြင့်ဓာတ်ပုံ များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ သည်။ ဒဏ်ရာများတွင် ဓားဖြင့် အလှီးခံရသည်များက အများဆုံး ဖြစ်ပြီး မီးရှို့ခံထားရသည်များ၊ ရိုက်ချိုးခံထားရသဖြင့် ကွေးလိမ် နေသည့် လက်ချောင်းများနှင့် မြင်ရက်စရာမရှိသော ပုံများဖြစ် သည်။
အသက်(၁၇)နှစ်နှင့်(၁၆) နှစ်အရွယ် အသီးသီးရှိ နှိပ်စက်ခံရ သည့် မစန်းကေခိုင်၊ မသဇင်တို့ ရရှိထားသည့် ဒဏ်ရာများက ရက်ပိုင်း လပိုင်းအတွင်း ရရှိထား သည့်ဒဏ်ရာများမဟုတ်။ ၄င်းတို့ အလုပ်လုပ်ကိုင်သည့် ရန်ကုန်မြို့ လယ်က နာမည်ကြီးအပ်ချူပ်ဆိုင် လုပ်ငန်းပိုင်ရှင်များ၏ နေအိမ် တွင် ငါးနှစ်ကြာ နှိပ်စက်ခံခဲ့ရ သည့် ဒဏ်ရာများဖြစ်ကြောင်း MyanmarNow ကအသေးစိတ်စုံ စမ်းဖော်ထုတ် ရေးသားခဲ့သည်။ ယင်းဖြစ်ရပ်၏ လက်ရှိ လမ်းဆုံး ရာ ကား အကြိမ်ကြိမ်နှိပ်စက်မှုပြုခဲ့ သည့် အိမ်ရှင်များအရေးယူခံရ ခြင်းမရှိဘဲ လွတ်မြောက်ခွင့်ရနေ ခြင်း ဖြစ်သည်။
နှိပ်စက်ခံရသည့် မိန်းကလေးကို ကွမ်းခြံကုန်းရှိ ၎င်းတို့၏ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

မိန်းကလေးငယ်များ နှိပ် စက်ခံရသည့်သတင်းကို ဦးဆုံးသိ ရှိသူက Myanmar Now မှ သ တင်းထောက် ကိုဆွေဝင်းဖြစ်ပြီး ဖြစ်ရပ်ကိုသိပြီးပြီးချင်း မိန်း ကလေးငယ်များ အမှန်တကယ် နှိပ်စက်ခံနေရမှုများ ရှိ၊ မရှိ သေ ချာရန် ၄င်းကိုယ်တိုင် စုံစမ်း ထောက်လှမ်းခဲ့သည်။ ပြီးနောက် သက်ဆိုင်ရာမြို့နယ် ရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားသည်။
ရက်သတ္တပတ်ကြာသည်အ ထိ ရဲစခန်း၏ အရေးယူမှုတစ်စုံ တစ်ရာမရှိသဖြင့်၎င်းက လူ့အခွင့် အရေး ကော်မရှင်ဟူသော အဖွဲ့ သို့ သတင်းပေးပို့တိုင်ကြားခဲ့မှသာ ရဲဝန်ထမ်းများ၏ လုပ်ငန်းစတင် လာခဲ့သည်။ နောက်ဆုံးတွင် နှိပ် စက်မှုပြုနေသည့်မိသားစုဝင်များ စစ်မေးခံရပြီး ကလေးငယ်များ ၄င်းတို့၏ နေရပ်သို့ ပြန်ခွင့်ရခဲ့ သည်။
သို့သော် နှစ်ရှည်လများ  နှိပ် စက်ခံခဲ့ရသည့် ကလေးငယ်များ အတွက် သက်ဆိုင်ရာအဖွဲ့ အ စည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက် ကား လူထုအကြားဝေဖန်စရာဖြစ် ခဲ့သည်။ မိန်းကလေးငယ်များအ တွက် သေရာပါ ဒဏ်ရာ ဗရပွဖြစ် သည်အထိပြုလုပ်ခဲ့သူများ တရား ဥပဒေနည်းလမ်းတကျ အရေးယူ ခြင်းမခံရဘဲ လုပ်ရပ်တစ်ခုလုံးအ တွက် ငွေဖြင့်ဖြေရှင်းကာပြေလည် သွားခဲ့သည်။
အဆိုပါသတင်း အွန်လိုင်း ပေါ်ရောက်ရှိလာပြီး နာရီပိုင်းအ တွင်းမှာပင် ဝေဖန်မှုများဆူဝေ သွားခဲ့သည်။ အများစုဝေဖန်ကြ သည်က သတင်းဖြစ်ရပ်ကို မ ဟုတ်၊ နှိပ်စက်သူများကိုမဟုတ် လျော်ကြေးပေးရုံဖြင့် ကျေအေး ခွင့်ပြုခဲ့သည့် လူ့အခွင့်အရေး ကော်မရှင်မှ ဆုံးဖြတ်ချက်ချခဲ့သူများကိုဖြစ်သည်။
‘‘ရာဇဝတ်မှုက ကြီးမားလွန်း အားကြီးတယ်။ ကလေးတွေကို  ကျွန်ပြုထားတယ်။ နှစ်ရှည်လများ ချုပ်နှောင် နှိပ်စက်ပြီးတော့မှ ကျွန် ပြုထားတယ်။ ကလေးတွေ ကိုယ် တိုင်ကရော၊ ကလေး မိဘတွေ ကိုယ်တိုင်ကရော ဖြေရှင်းဖို့အ တွက် အစစအရာရာ နိမ့်ကျနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒါကို ဥပဒေအတိုင်း ထိထိ ရောက်ရောက် ဖြစ်စေချင်တယ်’’
ဖြစ်ရပ်တစ်ခုလုံးတွင် နှိပ်စက်ခံရ သည့် မိန်းကလေးငယ်များကို ယင်းအိမ်မှကယ်တင်ရန် ဦး ဆောင် တိုင်ကြားပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိသည့် အခြေအနေတွင် သတင်းထောက် ကိုဆွေဝင်းက ၎င်း၏ သတင်း ထောက်တာဝန် အပြင်ဘက်မှ အမှုဖွင့်သည့် အလုပ်ကိုပါ ၀င်ပါ ခဲ့ရသည်။
နှိပ်စက်ခံရသည့် မိန်းကလေးများကို ကွမ်းခြံကုန်းရှိ ၎င်းတို့၏ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

‘‘ဘာဖြစ်လို့လဲဆိုတော့ ဒီ အမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေ ရှင်းဖို့အတွက် တစ်စုံတစ်ယောက် မှမရှိဘူး ဖြစ်နေတယ်။ အကြံ ဉာဏ်ပေးမယ့်သူ၊ ကာကွယ်ပေး မယ့်သူ မရှိဘူး။ ဖြစ်နိုင်ရင် ဘယ် အမှုကိစ္စကိုမှ သတင်းသမားက ပါဝင်ပတ်သက်တာ မဖြစ်ချင် ဘူး။ သတင်းရေးတဲ့အခါမှာတော့ တိတိကျကျ ဘက်မလိုက်ဘဲနဲ့ရေး သားမယ်။ ဒါပေမဲ့ နိုင်ငံသားတစ် ယောက်အနေနဲ့ ဒီလိုအခြေအနေ မျိုးမှာ အတတ်နိုင်ဆုံး ဝိုင်းဝန်းကူ ညီပေးမယ်’’ဟု ၄င်း၏ ဆန္ဒကို ပြောကြားသည်။
လူ့အခွင့်အရေးကော်မရှင် ၏ ဆုံးဖြတ်ချက်တွင် နစ်နာကြေး အဖြစ် လက်ချောင်း ဆယ်ချောင်း စလုံးနှင့် လက်မောင်းတစ်ဖက်ကျိုး နေပြီး အရေပြားများ မီးရှို့ခံထား ရသည့် အသက် (၁၆) နှစ်အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခ အပါအဝင် ငွေ ကျပ်သိန်း လေးဆယ်၊ ကတ်ကြေးဖြင့် အ ထိုးခံရပြီး နှာခေါင်းတွင် ဓားဖြင့် အခုတ်ခံရသည်ဟုဆိုသည့် (၁၇) နှစ် အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခအပါအဝင် ငွေ ကျပ် ၁၀ သိန်းကို အိမ်ရှင်များက ပေးမည်ဟူသောညှိနှိုင်းမှုဖြင့် နှစ် ဖက်ပြေလည်သွားခဲ့သည်။
ယင်းသို့ နှစ်ဖက်ညှိနှိုင်းသည့် နေ့တွင် သတင်းထောက် ကိုဆွေ ၀င်းကိုပါ ကျူးလွန်သူမိသားစုရှေ့ ၌ မျက်နှာစုံညီရှိစေခဲ့ပြီး တိုင် ကြား သတင်းပေးပို့သူအတွက် လုံခြုံမှုမရှိသော အခြေအနေကိုပါ ဖြစ်စေခဲ့သည်။
ယင်းဖြစ်ရပ်အတွက် သတင်းပေးပို့ တိုင်ကြားမှုတစ်ခုပြုလုပ် လျှင် သက်ဆိုင်ရာမြို့နယ်ရဲစခန်း နှင့် လူ့အခွင့်အရေး ကော်မရှင်တို့ ၏ လုပ်ကိုင်ဆောင်ရွက်မှုများက အားနည်းချက်အများ အပြားဖြစ် ပေါ်ခဲ့သည်။
‘‘ဒါက နေ့တိုင်းကို ညှဉ်းပန်း နှိပ်စက်နေတာဆိုတော့ ချက်ချင်း အရေးယူမယ် ထင်ပြီးတော့ နောက်နေ့မှာ ရဲစခန်းကိုဖုန်းဆက် တော့ ကျွန်တော်တို့ ဘာမှမထူး ခြားသေးပါဘူးဆိုပြီး အကြောင်း ပြန်တယ်။ အဲဒီအမှုကို ကိုင်တွယ် တဲ့သူက နောက်တော့ ပျောက် သွားတယ်။ ဆက်သွယ်လို့ မရဘူး ဖြစ်တယ်။ နောက်တော့ လူ့အခွင့် အရေးကော်မရှင်ကို အီးမေးလ်နဲ့ လှမ်းပြီး အကြောင်းကြားလိုက် တယ်။ ဓာတ်ပုံပါ လှမ်းပို့လိုက် တယ်။ ဇွန်လ အကုန်လောက် ပေါ့။ သွားပို့ပြီး တစ်လလောက်အ ကြာမှာ ကျောက်တံတား ရဲစခန်း က ထပ်ဆင့်ခေါ်တယ်။ ကော်မ ရှင်က ဆင့်ခေါ်တယ် ပြောတယ်။ မဟုတ်ဘူး။ ကော်မရှင်က မပို့ခင် ကတည်းက ခင်ဗျားတို့ကို အသေးစိတ် အချက်အလက်တွေ ပို့ပြီး သား။ ပြန်တောင်းလည်း အချက် အလက်တွေ အတူတူပဲ ဖြစ်မှာပဲ ဆိုတာ မသိဘူး။ ပထမတိုင်ထား တာ မသိဘူးဆိုတော့ အဲဒါကြောင့် နောက်တစ်လကြာမှ တိုင်ကြား ချက်ကို အသစ် ထပ်လုပ်ရတယ်။ အဲဒီအချိန်တည်းက ဘာမှမကြား ရတော့ဘူး။ ဖုန်းထပ်ဆက်လည်း အဖြေမရဘူး။ လွန်ခဲ့တဲ့ ၁၅ ရက် နေ့ကျမှ ကော်မရှင်က ဆင့်ခေါ် တာပေါ့။ ကျူးလွန်တဲ့သူတွေ လည်း ပါတယ်။ ကာယကံရှင်ရဲ့ မိဘတွေလည်း ပါတယ်ဆိုတော့ ရန်ငြိုးရန်စထားမှာစိုးလို့ မသွား ဘဲ နေမလို့။ နောက်တော့ ဒီကိစ္စ ကြီး တစ်ခုလုံးကို သူတို့ ဘယ်လို ကိုင်တွယ်မလဲ။ ကလေးမိဘတွေ ကလည်း တောကနေ တက်လာ တာဆိုတော့ ဘယ်လို ဖြေရှင်းကြ မလဲ။ ကျွန်တော်စိတ်လည်း ဝင် စားတာနဲ့ သွားလိုက်တယ်။ ရောက်လိုက်တာနဲ့ တော်တော် ကြီးကို စိုးရိမ်သွားပြီ။ ဟိုရောက် တော့ ရဲရဲ့ အစီရင်ခံစာကို ဖတ် ပြတယ်။ ကျွန်ပြုတာတွေပါတယ်။ ညှဉ်းပန်း နှိပ်စက်တာတွေပါ တယ်။ ဥပဒေအတိုင်း အရေးယူဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အကြံ ပေးတယ်။ အဲဒီ အကြံပြုလွှာဆုံး တာနဲ့ တစ်ပြိုင်နက် အဲဒီကော်မ ရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကနေပြီး ညှိနှိုင်းဖို့ဆိုတာကို စပြီးတော့ ပြောလိုက်တယ်လေ။ ကျွန်တော် လည်း တအားတုန်လှုပ်သွား တယ်။ ရဲတပ် ဖွဲ့က ဥပဒေအတိုင်း လုပ်ပါဆိုတာကို ဘာညှိနှိုင်းစရာ ရှိလဲ။ ညှိနှိုင်းမယ့် ကလေးမိဘ တွေလည်း ကြည့်လိုက်ရော မ ယောင်မလည် ဖြစ်နေတယ်။ သူ တို့ကို သေသေချာချာလေး ဆန်း စစ်ကြည့်လိုက်တော့ သူတို့က စာတောင် မဖတ်တတ်ဘူး။ ကျွန် တော်က ထပြီး ပြောတယ်။ သိန်း တစ်ထောင်ပဲပေးပေး၊ တစ် သောင်းပဲပေးပေး ကျေအေးဖို့ ကိစ္စမဟုတ်ဘူး။ ဥပဒေလမ်း ကြောင်းအတိုင်းသာ လုပ်ပါလို့ ကျွန်တော်က ထပြောတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက နေ ခင်ဗျား ကာယကံရှင်မဟုတ် ဘူး။ ဆိုတော့ ကျွန်တော်က ဆက် ပြောခွင့်မရခဲ့ဘူး။ အဲဒီအချိန်မှာ ကာယကံရှင်တွေကလည်း ဘာမှ မပြောနိုင်ဘူး။ ဘယ်လိုဖြေရှင်းရ မှန်းလည်း မသိဘူး။ ဆိုင်ရှင်တွေ ကဘာလိုချင်လဲ ငွေကြေးနဲ့စပြီး စကားကမ်းလှမ်းလာတယ်။ အဲဒီ အချိန်မှာ ရဲတပ်ဖွဲ့ကလည်း ဆိုင် ရှင်တွေက လမ်းကြောင်းပေး လိုက်ပြီ။ နောက်ပြန်ပြီးတော့ ဖြစ် စဉ်တွေ အသေးစိတ် ပြောမနေနဲ့ တော့။ ကျွန်တော်က ဆေးဆရာ ဝန်တွေ ခေါ်ဖို့ ထပ်ပြောပါသေး တယ်။ ဒါနဲ့ မရတော့ဘူး။ နောက် ပိတ်ဆုံး ငွေကြေးနဲ့ ညှိနှိုင်းပြီး တော့မှ ပြီးသွားတယ်။ အခုတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း အမှုဖွင့် အရေးယူနေတယ်ဆိုတော့ သတင်းထောက် တစ် ယောက်အဖြစ်နဲ့ပဲ စောင့်ကြည့် နေပါတယ်’’ဟု ဖြစ်စဉ်တစ်ခုလုံး နှင်ပတ်သတ်၍ ကိုဆွေဝင်းက ရှင်းပြသည်။
ဖြစ်စဉ်တစ်ခုလုံးနှင့် ပတ် သက်၍ လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် လူ့အခွင့်အရေး ဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရဲ စခန်း၏ လုပ်ကိုင်ဆောင်ရွက်မှု အမှားအယွင်းနှင့်ပတ်သတ်၍ ယခုကဲ့သို့သုံးသပ်သည်။
‘‘ရဲအရေးပိုင်တဲ့ အမှုခင်းတစ်ရပ် ဖြစ်ပွားကြောင်းကို တယ်လီ ဖုန်းဖြင့်သော်လည်းကောင်း၊ စာ ဖြင့်သော်လည်းကောင်း၊ တစ် ဆင့်ကြားသော်လည်းကောင်း၊ ကိုယ်တိုင်မြင်တွေ့၍သော်လည်း ကောင်း၊ ရှိခဲ့လျှင်ချက်ချင်း ပထမ သတင်းပေးတိုင်ချက်ကို ရေးဖွင့်ရ မည်။ တကယ်လို့ မရေးဖွင့်ဘူးဆို တာက တရားခံကို သက်သာစေမှု ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကို နစ်နာစေမှု ဖြစ်တယ်ဆိုရင် ရာဇ သတ် ပုဒ်မ ၁၇၇/ ၂၁၈ နဲ့ ငြိစွန်း တယ်လို့ ရဲလက်စွဲက ဆိုထား တယ်။ အရေးယူခြင်းခံရမယ်’’ဟု ဆိုသည်။
ဆက်လက်၍ လူ့အခွင့်အ ရေးကော်မရှင်၏ ဆုံးဖြတ်ချက် အမှားအယွင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆိုသည်။‘‘ဒီကိစ္စက လူ တွေကြားမှာ တော်တော်လေးကို ပြောလာတယ်။ အဲဒီတော့ သက် ဆိုင်ရာ တာဝန်ရှိသူက မိမိရဲ့ တာ ဝန်လွဲမှားမှု အတွက်ကို နုတ်ထွက် စေချင်တယ်။ မြန်မာနိုင်ငံ လူ့အ ခွင့်အရေး ကော်မရှင်က တာဝန် ရှိတဲ့ ပုဂ္ဂိုလ်က နုတ်ထွက်ပေးပါ။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ဆောင်ရွက်တဲ့သူတွေက တော်တော်လေးကို အားမလိုအား မရ ဖြစ်ရတယ်။ ဒီဥစ္စာ မှုခင်းကို ထိမ်ချန်သလို ဖြစ်နေတယ်ဗျ။ ဒါက ကြီးမားတဲ့ ရာဇဝတ်မှုကြီးပဲ။ လတ်တလောအဆင့်မှာတော့ နုတ်ထွက်ရုံလောက်နဲ့တင် ထား လိုက်ပါတော့။ သူတို့လည်း တော် တော် အသက်ကြီးနေကြပြီ။ တ ကယ်တမ်းပြောရင်တော့ ဥပဒေ အရ သူတို့ကိုလည်း အရေးယူရ မယ်’’။
ရန်ကုန်မြို့နှင့် မြို့ကြီးများ တွင် ယင်းသို့သော အနိုင်ကျင့် ကျွန်ပြုမှုများသည် ဖြစ်ပွားလေ့ရှိ သော အမှုအခင်းများဖြစ်သော် လည်း ယခု ဖြစ်ပွားသည့်အမှု၌မူ ကာကွယ်ပေးသည့် အဖွဲ့အစည်း များ၏ လုပ်ကိုင်ပုံအမှားအယွင်း များက လူထု၏ ယုံကြည်မှုကို လျော့ကျစေသည်။
ထို့ပြင် ယင်းသို့သော မတ ရားမှုများတွင် နစ်နာသူများဘက် က ထဲထဲဝင်ဝင်ဆောင်ရွက်ပေး မည့်အဖွဲ့အစည်းလူပုဂ္ဂိုလ်လည်းများများစားစားမရှိသည့် အခြေ အနေမျိုးဖြစ်ပေါ်နေသည်။ အမှု နှင့်ပတ်သတ်သည့် သတင်းရေး သား ဖော်ထုတ်မှုများ အပြီးတွင်တာဝန်ယူခဲ့သည့်ရဲဝန်ထမ်းများနှင့်လူ့အခွင့်အရေးကော်မရှင်တို့ ၏ အားနည်းချက်များထင်ထင်ရှားရှားပေါ်လွင်ခဲ့သည်။ လူမှုကွန် ရက်များတွင် လူအများဝေဖန် ထောက်ပြနေသည့် အခြေအနေ ၌ အခြားသော အမျိုးသမီးအခွင့် အရေး လှုပ်ရှားသူများ၊ ကလေး သူငယ်နှင့် အလုပ်သမားဆိုင်ရာ မတရားမှုများအတွက် ရပ်တည် ပေးနေသည့်အဖွဲ့အစည်းများက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ၀ိုင်း ၀န်းကူညီပေးမည့် အခြေအနေကို ရိပ်ဖမ်းသံဖမ်းမျှပင် ထွက်ပေါ် လာခြင်း မရှိခဲ့ပေ။
7Day Daily က အထက်ပါ ကဲ့သို့ နာမည်ကြီးအဖွဲ့အစည်း အချို့သို့ ဆက်သွယ်မေးမြန်းရာ ယခုဖြစ်ရပ်အတွက် ၄င်းတို့၏ မည်သည့် ပါဝင်ကူညီဆောင် ရွက်မှုမျိုးမှ မရှိသည်ကိုတွေ့ရပြီး အဖွဲ့အစည်းတစ်ခုကမူ ၄င်းတို့အ ဖွဲ့၏ အမည်ကိုပင် ဆောင်းပါး တွင် မသုံးရန် တားမြစ်ခဲ့သည်။
ယခုဖြစ်ရပ်က သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်၏ ဟာ ကွက်များကိုပါ ထောက်ပြခဲ့ရုံမက
အမှုအခင်းများ၏နောက်ကွယ် တွင် အဓိကကိုင်တွယ်နေသည့် တာဝန်ရှိသူများ၏ လုပ်ငန်းလုပ်ကိုင်ပုံအတွက်ပါမေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
ကနဦး သတင်းပေးတိုင် ကြားခဲ့သည့် သတင်းထောက် ကိုဆွေဝင်းသည် ကျူးလွန်သူ မိသားစုက ၄င်းကို အသက်အန္တ ရယ်ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။
(ယခုဆောင်းပါးရေးသားသည့် နေ့မှာပင် လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့က ညှဉ်းပန်းမှုပြု ခဲ့သည့်သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားသည်)
7Day

0 comments:

Post a Comment