Friday, September 16, 2016

ဝိတ်မတက်စေဘဲ ဗီတာမင် ဒီ ဖြည့်စွမ်းပေးတဲ့အစားအစာ (၇) မျိုး

ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် ဒီ လုံလောက်ဖို့လည်း အရေးကြီးပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ နေ့စဉ် ဗီတာမင်ဒီ လိုအပ်ချက်က 600 IUs ရှိပါတယ်။
play
လူအတော်များများဟာ အခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလောက်အောင် စားသောက်နေထိုင်ကြပေမဲ့ ဗီတာမင်ဒီကိုတော့ မေ့ထားတတ်ကြပါတယ်။ ဒါကြောင့်လည်းပဲ အရွယ်ရောက်ပြီးသူတွေမှာ ဗီတာမင် ဒီ ချို့တဲ့တာကို တွေ့နေရပါတယ်။ ဗီတာမင် ဒီ မလုံလောက်တဲ့အခါ နှလုံးရောဂါ၊ အဝလွန်တာ၊ စိတ်ဓာတ်ကျတာ၊ ဆီးချိုနဲ့ ကင်ဆာတွေဖြစ်နိုင်ပါတယ်။ ဗီတာမင် ဒီ ရရှိနိုင်တဲ့ အစားအစာတွေထဲကမှ ဝိတ်မတက်စေဘဲ ဗီတာမင် ဒီ ဖြည့်စွက်ပေးမယ့် အစားအစာတွေရှိပါတယ်။
play

၁။ ဆယ်လ်မွန်ငါး
ညစာအဖြစ် တစ်ပတ်တစ်ကြိမ် စားပါ။ ဆယ်လ်မွန်မှာ ပါဝင်တဲ့ omega - 3 ဖက်တီးအက်ဆစ်က ဗီတာမင်ဒီလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
play

၂။ ကွေကာ
မနက်စာမှာ ကွေကာကို ထည့်စားပေးသင့်ပါတယ်။
play

၃။ မှို
မှိုအမျိုးမျိုး စားသုံးခြင်းကလည်း ခန္ဓာကိုယ်တွင်းမှာ ဗီတာဗင် ဒီ ပမာဏ မြင့်တက်စေပါတယ်။ တကူးတက မစားချင်ဘူးဆိုရင်တောင်မှ ဟင်းပွဲထဲပါလာတဲ့ မှိုလေးတွေလောက်တော့ ကုန်အောင်စားလိုက်ပါ။
play

၎။ ကြက်ဥ
ခွန်အားလည်းပြည့်စေတဲ့ ဗီတာမင် ဒီ အားဖြည့်အစားအစာပါပဲ။ ကြက်ဥမှာ ကိုလက်စထရောပမာဏများလို့ မစားချင်ဘူးဆိုရင် မနက်စာမှာ ကြက်ဥမွှေကြော်ကို စားပေးတာအကောင်းဆုံးပါပဲ။ ကြက်ဥအနှစ်မှာရော အကာမှာပါ ဗီတာမင်ဒီ ပါဝင်နေပါတယ်။
play

၅။ တူနာငါး
ဗီတာမင်ဒီ အကြွယ်ဝဆုံး အစားအစာကို လက်ညှိုးထိုးမယ်ဆို တူနာငါးကိုပဲ ပြရမှာပါ။ ငါးသေတ္တာဘူးလေးတွေစားပေးပေါ့။ ငါးသေတ္တာဘူးထဲက တူနာငါး ၄ အောင်စမှာတင် ဗီတာမင်ဒီ 150 IUs နီးပါး ပါဝင်နေပါတယ်။
play

၆။ နို့သောက်ပါ
နွားနို့ ၈ အောင်စမှာ ဗီတာမင်ဒီ 200 IUs လောက် ပါဝင်နေပါတယ်။ ပဲနို့မှာဆိုရင်လည်း ဗီတာမင်ဒီ 300 IUs လောက် ပါဝင်ပါတယ်။
play

၇။ အမဲအသည်း
အမဲသားစားတဲ့သူဆိုရင်တော့ အမဲအသည်းကိုလည်း စားသုံးပေးသင့်ပါတယ်။ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်၊ သတ္ထုဓာတ်နဲ့ ဗီတာမင်ဒီတွေ အများကြီးပါဝင်နေတဲ့ အမဲအသည်းဟင်းလျာကို စားသုံးသင့်ပါတယ်။
Source : Everyday Health

0 comments:

Post a Comment