Sunday, June 2, 2019

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့် ကွက်ခဲ့ကြသူများထဲမှ ခူကြူးဖဲကေး(ခ)ဂူးဂူးကို ဖရူဆိုမြို့တွင်​ ဖမ်းဆီးမိ


လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကို ကန့် ကွက်ခဲ့ကြသူများထဲမှ ၆ ဦးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းက (ပ)၁၄၅/၂၀၁၉၊ ၂၀၁၇ ခုနှစ်၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ အမှုဖြင့်အလိုရှိကြောင်း ကြေညာထားခဲ့ရာ အဆိုပါ ၆ ဦးအနက်မှ တစ်ဦးဖြစ်သည့် ခူကြူးဖဲကေး(ခ)ဂူးဂူး၊ (၂၃)နှစ်၊ ကယန်း/ခရစ်ယာန်၊ ၂/လကန(နိုင်) ၁၁၁၈၀၃၊(ဖ)ဦးစောဂေဖိုးနု၊မင်္ဂလာရပ်ကွက်၊လွိုင်ကော်မြို့ ကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့ ဝင်များက ဖရူဆိုမြို့တွင်ဖမ်းဆီးသွားခဲ့ကြောင်း PKPF Information Centerက ယနေ့ (ဇွန် ၃)နံနက်တွင်သတင်းထုတ်ပြန်သည်။ 

အမေရိက စောင့်ကြည့်ရမည့် ငွေကြေးဈေးကစားသည့် နိုင်ငံများစာရင်းတွင် စင်ကာပူနှင့် မလေးရှားထည့်သွင်းခံရ



အမေရိကန်အစိုးရက စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ကို စောင့်ကြည့်ရမည့် ငွေကြေးဈေးကစားသည့် နိုင်ငံများ စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။ 

အပျော်စီးသင်္ဘောကြီးတစ်စင်း အရှိန်မထိန်းနိုင်ဘဲ ဗင်းနစ် ဆိပ်ခံတံတားကို ဝင်တိုက်၊ ခရီးသွားတွေ ထွက်ပြေး


ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်း အီတလီနိုင်ငံ ဗင်းနစ်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်စဉ် အရှိန်မထိန်းနိုင်ဘဲ ဆိပ်ခံတံတားနဲ့ အခြား ခရီးသွားရေယာဉ်တစ်စင်းကို ဝင်တိုက်မိတဲ့ဖြစ်စဉ်တစ်ခု ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။ 

Maybelline New York မှ ထုတ်လုပ်တဲ့ Fit Me Foundation မိတ်ဆက်ပွဲ


Maybelline New York မှ ထုတ်လုပ်တဲ့ Fit Me Foundation မိတ်ဆက်ပွဲကို ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာပလာဇာရှိ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပခဲ့ပါတယ်။ 

ညောင်ရွှေမြို့နယ် မိုင်းသောက်ရှိ ဧက ၉၀ သဘာဝကျွန်းရိုင်းတော မြေနေရာသည် ဒေသခံများ တောင်းဆိုနေသည့် ရည်ရွယ်ချက်သို့ ရောက်ရှိခြင်း မဟုတ်ဘဲ စိုးရိမ်စရာ ဖြစ်နေသေးဟု ပြောကြား


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ရှိ ဧက ၉၀ သဘာဝကျွန်းရိုင်းတောမြေ နေရာသည် ဒေသခံများလိုလား တောင်းဆိုနေသည့် အန္တိမရည်ရွယ် ချက်ပန်းတိုင်သို့ ရောက်ရှိသေးခြင်း မဟုတ်ဘဲ စိုးရိမ်စရာ အခြေအနေမှာပင် ရှိနေသေးသည်ဟု ECCD အဖွဲ့က ပြောကြားခဲ့သည်။ 

ရွှေပြည်သာတွင် ကားအင်ဂျင်အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ဇွန်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ရွှေပြည်သာမြို့နယ်၊ (၂) ရပ်ကွက်တွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ 

ပါကစ္စတန်နိုင်ငံ ဆေးရုံတစ်ခုတွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံး


ပါကစ္စတန်နိုင်ငံ အရှေ့ ပိုင်း ပန်ဂျပ်ပြည်နယ် Sahiwal ခရိုင်အတွင်းရှိ အစိုးရဆေးရုံတစ်ခုတွင် မြင့်မားသောအပူချိန်အောက်တွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် ၂၄ နာရီအတွင်း မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာ နှင့် တာဝန်ရှိသူများက ဇွန် ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ 

နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက္ကူကတ်မှ စမတ်ကတ်အဖြစ်ပြောင်းလဲရေး ဆောင်ရွက်နေဟုဆို


နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက္ကူကတ်မှ စမတ်ကတ်အဖြစ်ပြောင်းလဲပေးရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောသည်။ 

ပန်ဝါဒေသ သတ္တုကုမ္ပဏီများ တူးဖော်ခွင့်ပြန်လည်လျှောက်ထား၊ ခွင့်မပြုသင့်ဟု ဒေသခံများပြော



ကချင်ပြည်နယ် ပန်ဝါဒေသမှ သတ္တုကုမ္ပဏီများက တူးဖော်ခွင့်ပြန်လည် လျှောက်ထားကြသည်ဟု ကချင် ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န် ကြီးဦးဒါရှီလဆိုင်းက ပြောသည်။ 

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းအတွက် လျော်ကြေးပေးရန် ယခုလထဲ စစ်တမ်းကောက်မည်


ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွက် လျော်ကြေးပေးရန် စစ်တမ်းကောက်ယူခြင်းကို ဇွန်လလယ်တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။ 

ရုရှားနိုင်ငံ၌ TNT ဓါတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈၉ ဦးဒဏ်ရာရ


ရုရှားနိုင်ငံ၏ Nizhny Novgorod ဒေသတွင် ထရိုင်နိုက်ထရိုထောလွှင်း(TNT) ဓါတုစက်ရုံ မီးလောင်မှုတစ်ခုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုများ အစဉ်လိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးအတွက် တပ်မတော်ရပ်တည်ချက် ၆ ချက် ပြောင်းလဲစရာ မရှိ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA လမ်းကြောင်း တစ်ခုတည်းအတိုင်းသာ သွားမည်ဖြစ်ပြီး တပ်မတော်၏ရပ်တည်ချက် ၆ ချက်ကို ပြောင်းလဲစရာ မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦးကပြောကြားလိုက်သည်။ 

ပြည်မြို့က နှင်းဆီဖြူ ကမ်ပိန်း


ပဲခူးတိုင်း၊ အနောက်ခြမ်း ပြည်မြို့ပေါ်ရှိ ဟိန္ဒူစတန်ဒီဗလီ၊ စူရတီဗလီ၊ ကာကာဗလီနဲ့ ရွှေကြာပင်ဗလီတွေမှာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက နှင်းဆီဖြူကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ 

အရာတော်၌ လေပြင်းတိုက်ခတ်စေတီထီးတော်များ မြေခပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အုံများ အမိုးလန်ပျက်စီးခဲ့ပြီး စေတီထီးတော်များ မြေခပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

‘ဝ’ တပ်ဖွဲ့နှင့်ပတ်သက်ပြီး အစွမ်းကုန်သည်းခံထားဟု တပ်မတော်ပြော


‘ဝ’ တပ်ဖွဲ့အနေနဲ့ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်သဘောမျိုး လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးလိုချင်လို့ အစွမ်းကုန်သည်းခံနေတာလို့ တပ်မတော်က ပြောပါတယ်။ 

နောင်ချိုမြို့နယ်တွင် ဘိန်းစိမ်းနှင့် စိတ်ကြွဆေးများ ဖမ်းမိ


ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ ဘိန်းစိမ်းနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ 

ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်အားတိုက်ခိုက်ရန်အသင့်ရှိသော်လည်း ဆွေးနွေးရန်တံခါးဖွင့်ထားဆဲဟု တရုတ်ကာကွယ်ရေးဝန်ကြီးပြောကြား


တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ တင်းမာနေခြင်းင့်ပတ်သက်၍ တရုတ်တို့က အမေရိကန်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ဆွေးနွေးမှုများအတွက်မူ တံခါးဖွင့်ကြိုဆိုလျှက်ရှိဆဲပင်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ယမန်နေ့(ဇွန် ၂)ကပြောကြားသည်။ 

အိမ်ဖြူတော်အနီး၌ အမေရိကန်လျှို့ ဝှက်ထောက်လှမ်းရေးသမားများက အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး


အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ဇွန် ၂ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်တစ်ဦးက သတင်းပေးပို့ ခဲ့သည်။ 

အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရသည့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးစားမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ထန်းတော်အင်းစပ် မြို့ပတ်လမ်း ရွှေဝါရောင်ရေတွင်း Poor Care Team ပရဟိတဂေဟာ ရုံးတွင် ဇွန် ၂ ရက် နံနက်ပိုင်းက အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရသည့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေ ကြေးအလွဲသုံးစားမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။