Sunday, June 2, 2019

ရွှေပြည်သာတွင် ကားအင်ဂျင်အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ဇွန်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ရွှေပြည်သာမြို့နယ်၊ (၂) ရပ်ကွက်တွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းအတိုင်း၊ ရွှေပြည်သာကွေ့ဘက်မှ ထန်းခြောက် ပင်ဘက်သို့ စမ်းချောင်း မြို့နယ်၊ မုန်/တောင်ရပ်ကွက်နေ ကုလားကြီး(ခ) တင်ထွန်းအောင် (၃၇)နှစ် မောင်းနှင်လာသော YGN AA- ×××× ကယ်ရီနား အဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် ကား အင်ဂျင်အပူရှိန် လွန်ကဲရာမှ ယာဉ်မှာ မီးစတင်လောင် ကျွမ်းခဲ့သဖြင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အမှတ်(၆၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရွှေပြည်သာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ ကြောင်း သိရှိရသောကြောင့် ကုလားကြီး (ခ)တင်ထွန်းအောင်အား ရွှေပြည်သာ မြို့မရဲစခန်း (ပ)၁၉၀၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

Credit - ရဲဇာနည် 
The Ladies News

0 comments:

Post a Comment