Sunday, June 2, 2019

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းအတွက် လျော်ကြေးပေးရန် ယခုလထဲ စစ်တမ်းကောက်မည်


ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွက် လျော်ကြေးပေးရန် စစ်တမ်းကောက်ယူခြင်းကို ဇွန်လလယ်တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။ 
ရထားလမ်းစီမံကိန်းသည် လှိုင်သာယာ၊ လှိုင်၊မရမ်းကုန်း၊ တောင်ဥက္ကလာ နှင့် ရန်ကင်းမြို့နယ် ၅ ခုကို ဖြတ်သန်းသွားမည်ဖြစ်ပြီး စစ်တမ်းကို သုံးလကြာကောက် ယူမည်ဖြစ်ကြောင်း eguard Enviromental Services ကုမ္ပဏီ မှသိရသည်။ 
စီမံကိန်းဧရိယာအတွင်းသက်ရောက်မှု ခံစားရသူများ၏ မိသား စု ဦးရေ၊ အလုပ်အကိုင်စသည့် သန်းခေါင်စာရင်းစစ်တမ်း၊ မြေယာပိုင် ဆိုင်မှုပမာဏ၊ ပိုင်ဆိုင်မှုအဆင့်အတန်း၊ ဆုံးရှုံးမှုစာရင်း၊ ဝင်ငွေ၊ အသုံး စရိတ်၊ ဝန်ဆောင်မှုအသုံးပြုခြင်းစသည့် လူမှုစီးပွားစစ်တမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟကပြောသည်။ 
သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်ပူးပေါင်း ကာစစ်တမ်းကောက်ယူမည်ဖြစ်ပြီး ရလဒ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 
ရထားလမ်းပါရမီလမ်းတစ်လျှောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပညာရေးဝန်ကြီးဌာနပိုင်မြေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေအချို့နှင့် အဆောက်အအုံအချို့ စီမံကိန်းနှင့်မလွတ်သဖြင့် နေရာရွှေ့ပြောင်း ခြင်း ခံရနိုင်ဖွယ်ရှိကာရန်ကုန်- ပုသိမ်လမ်းတစ်လျှောက်တွင် ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေ၊ မြန်မာ့မီးရထားပိုင်မြေတို့ စီမံကိန်းနှင့်မလွတ်ကင်းနိုင် ချေရှိပြီး လမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်သူများ၊ နေရာပြောင်း ရွှေ့ခံရနိုင်ဖွယ်ရှိကြောင်း၊ ဘုရင့်နောင်တံတားအနီး လှိုင်မြစ်အနီးတွင် နေထိုင်သူများလည်း ထိခိုက်မှုရှိနိုင်ကြောင်း eguard Enviromental Services ကုမ္ပဏီကသုံးသပ်ထားသည်။ 

ဇွဲခန့်
Isee Media 

0 comments:

Post a Comment