Sunday, June 2, 2019

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့် ကွက်ခဲ့ကြသူများထဲမှ ခူကြူးဖဲကေး(ခ)ဂူးဂူးကို ဖရူဆိုမြို့တွင်​ ဖမ်းဆီးမိ


လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကို ကန့် ကွက်ခဲ့ကြသူများထဲမှ ၆ ဦးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းက (ပ)၁၄၅/၂၀၁၉၊ ၂၀၁၇ ခုနှစ်၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ အမှုဖြင့်အလိုရှိကြောင်း ကြေညာထားခဲ့ရာ အဆိုပါ ၆ ဦးအနက်မှ တစ်ဦးဖြစ်သည့် ခူကြူးဖဲကေး(ခ)ဂူးဂူး၊ (၂၃)နှစ်၊ ကယန်း/ခရစ်ယာန်၊ ၂/လကန(နိုင်) ၁၁၁၈၀၃၊(ဖ)ဦးစောဂေဖိုးနု၊မင်္ဂလာရပ်ကွက်၊လွိုင်ကော်မြို့ ကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့ ဝင်များက ဖရူဆိုမြို့တွင်ဖမ်းဆီးသွားခဲ့ကြောင်း PKPF Information Centerက ယနေ့ (ဇွန် ၃)နံနက်တွင်သတင်းထုတ်ပြန်သည်။ 

Creditး PKPF Information Center 
The Ladies News

0 comments:

Post a Comment