Sunday, June 2, 2019

အရာတော်၌ လေပြင်းတိုက်ခတ်စေတီထီးတော်များ မြေခပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အုံများ အမိုးလန်ပျက်စီးခဲ့ပြီး စေတီထီးတော်များ မြေခပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
ဇွန် ၁ ရက် ညနေ ၃ နာရီက မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ဆင်တလည်ကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် အလုံး ၁၀၀၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး အရံစေတီနှစ်ဆူထီးတော်မြေခကာ စေတီတစ်ဆူ ထီးတော်တိမ်းစောင်း ပျက်စီးခဲ့ကြောင်း သိရသည်။ 

အလားတူ ယင်းနေ့ မွန်းလွဲ ၂နာရီခွဲကလည်း ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အရှေ့ ကြူအင်းကျေးရွာအပါအ၀င် ကျေးရွာနှစ်ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ခုနစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

သတင်း - နိုင်ဝင်းစိုး 
ဓာတ်ပုံ - Ye Lin Aung FB
The Standard Time Daily 



0 comments:

Post a Comment