Sunday, June 2, 2019

ငြိမ်းချမ်းရေးအတွက် တပ်မတော်ရပ်တည်ချက် ၆ ချက် ပြောင်းလဲစရာ မရှိ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA လမ်းကြောင်း တစ်ခုတည်းအတိုင်းသာ သွားမည်ဖြစ်ပြီး တပ်မတော်၏ရပ်တည်ချက် ၆ ချက်ကို ပြောင်းလဲစရာ မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦးကပြောကြားလိုက်သည်။ 
“ကျွန်တော်တို့ ရပ်တည်ချက်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ချထားတာရှိတယ်။ဒါလည်း မူဝါဒဖြစ်တဲ့ အတွက် ပြောင်းလဲစရာမရှိဘူး။ဒီအတိုင်းရပ်တည်မယ်။ နောက် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်း တစ်ခုပဲ သွားမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးကပြောသည်။ 
ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် တပ်မတော်၏ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်ချုပ်စိုးနိုင်ဦး မှ အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
NCA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိုးရနျင့် တပ်မတော်မှ လိုအပ်သည့် အချက်များအား ပြန်လည်ညှိနှိုင်း၍ ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်သည့် အတွက် ပြောင်းလဲစရာ မရှိကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးကပြောသည်။ 
ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း ကွန်ဖက်ဒရေးရှင်းကိုတော့ လက်မခံကြာင်း ၎င်းကပြောကြားခဲ့သည်။ 
“ အခုလည်း အလွတ်သဘော တွေ့ဆုံညှိနှိုင်းတာတွေရှိပါတယ်။ဒီ NCA က လည်း သူတို့ရေးဆွဲခဲ့တာ အဲ့တော့ အခု တမျိုးတော်ကြာ တမျိုးတော့ လုပ်လို့ မရဘူး။ကျွန်တော်တို့ တပ်မတော်က ရပ်တည်တဲ့ ဟာက ပြည်ထောင်စု မပြိုကွဲရေးကို ခွဲမထွက်ရ ဒါပဲ ကျွန်တော်တို့ တောင်းဆိုတာ။ဒီမိုကရေစီ ဖက်ဒရယ်ကို ကျွန်တော်တို့ ပေးပါတယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးကပြောသည်။ 
ထို့ အတူ နိုင်ငံတိုင်းတွင် တပ်မတော်သည် တစ်ခုတည်းသာရှိသည့် အတွက် ပြောင်းလဲရန် မရှိကြောင်း တစ်ခုတည်းသော တပ်မတော်အတိုင်းသာရပ်တည်ကြောင်း ၎င်း ကပြောသည်။
The Fifth Wave News 

0 comments:

Post a Comment