Sunday, June 2, 2019

နောင်ချိုမြို့နယ်တွင် ဘိန်းစိမ်းနှင့် စိတ်ကြွဆေးများ ဖမ်းမိ


ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ ဘိန်းစိမ်းနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ 
ဇွန် ၁ ရက် မနက်ပိုင်း မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကိုလေး(ခ)အေးကို မောင်းနှင်ပြီး မအေးလုံ လိုက်ပါလာတဲ့ NISSAN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ 

မော်တော်ယာဉ်ရဲ့ နောက်ဘန်ဘာအတွင်း သိုဝှက်ထားတဲ့ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား၊ ဘိန်းစိမ်း ၁ ကီလို၊ ငွေ ၅၀၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

ကိုလေးနဲ့ မအေးလုံ တို့ကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။ 

ဓာတ်ပုံ-MOH
DVB

0 comments:

Post a Comment