Sunday, June 2, 2019

ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်အားတိုက်ခိုက်ရန်အသင့်ရှိသော်လည်း ဆွေးနွေးရန်တံခါးဖွင့်ထားဆဲဟု တရုတ်ကာကွယ်ရေးဝန်ကြီးပြောကြား


တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ တင်းမာနေခြင်းင့်ပတ်သက်၍ တရုတ်တို့က အမေရိကန်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ဆွေးနွေးမှုများအတွက်မူ တံခါးဖွင့်ကြိုဆိုလျှက်ရှိဆဲပင်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ယမန်နေ့(ဇွန် ၂)ကပြောကြားသည်။ 
”ကုန်သွယ်မှုနဲ့ပတ်သက်လို့ အမေရိကန်က ပွတ်တိုက်မှုတွေစတင်လာပါတယ်။ အကယ်၍ အမေရိကန်အနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့က တံခါးဖွင့်ကြိုဆိုထားဆဲပါ။ အကယ်၍ သူတို့က တိုက်ခိုက်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့က အဆင်သင့်ပါပဲဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်း(General Wei Fenghe)က ယမန်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပတေသာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာစကားဝိုင်းတွင် ပြောကြားခြင်းဖြစ်သည်။ 
”ရှန်ဂရီလာစကားဝိုင်း”ဟု အများကသိကြသော အဆိုပါ နိုင်ငံတကာလုံခြုံရေးဆိုင်ရာစကားဝိုင်းသို့ ၂၀၁၁ ခုနှစ်မှသည် ယနေ့တိုင်ကာလအတောအတွင်းဝယ် ဗိုလ်ချုပ်ကြီးဝေသည် ပထမဆုံးတက်ရောက်သော တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဖြစ်သည်။ 

Ref: China ready to fight US on trade but door open for talks: Defence minister 
Photo: AFP/ Roslan Rahman
Popular News Journal 

0 comments:

Post a Comment