Sunday, June 2, 2019

‘ဝ’ တပ်ဖွဲ့နှင့်ပတ်သက်ပြီး အစွမ်းကုန်သည်းခံထားဟု တပ်မတော်ပြော


‘ဝ’ တပ်ဖွဲ့အနေနဲ့ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်သဘောမျိုး လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးလိုချင်လို့ အစွမ်းကုန်သည်းခံနေတာလို့ တပ်မတော်က ပြောပါတယ်။ 
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ 
ဝ နှစ် ၃၀ ပြည့်အခမ်းအနားမှာ လက်နက်ကိုင်စစ်ရေးပြပွဲတွေ ထည့်သွင်းပြုလုပ်ခဲ့တာ နဲ့ပတ်သက်ပြီး သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ပြောကြား လိုက်တာပါ။ 
“လက်နက်ကိုင်ပြီးတော့ စစ်ရေးပြခဲ့တာရှိတယ်။ ဒီစစ်ရေးပြအခမ်းအနားကို ကြည့်ခြင်း အားဖြင့် ၀အနေနဲ့ စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင်တပ်မတော်သဘောမျိုး ဆောင်ရွက်တာလို့ ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိတာပါ။ နောက်တခုကတော့ ဒါသည် တပ်မတော်အနေနဲ့ အစွမ်းကုန် သည်းခံထားတဲ့ အနေအထားဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။” 
ဒါ့အပြင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တာကြောင့် ၀တပ်ဖွဲ့အပေါ် အစွမ်းကုန်သည်းခံထားတာလို့ ဆိုပါတယ်။ 
“ကျနော်တို့က တခုပဲ ရှိတယ် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိုလိုချင်တယ်။ ဒါကြောင့်မို့ တချို့ဟာလေးတွေကို အစွမ်းကုန်သည်းခံတယ်။” 
ဇွန်လကုန်ပိုင်း မိုင်းလားအဖွဲ့ရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကိုလည်း တပ်မတော်ကို ဖိတ်ကြားထားပြီး မိုင်းလားအဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ကြည့်ပြီး စဉ်းစားသွားမယ်လို့ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။

DVB

0 comments:

Post a Comment