Sunday, June 2, 2019

ပန်ဝါဒေသ သတ္တုကုမ္ပဏီများ တူးဖော်ခွင့်ပြန်လည်လျှောက်ထား၊ ခွင့်မပြုသင့်ဟု ဒေသခံများပြော



ကချင်ပြည်နယ် ပန်ဝါဒေသမှ သတ္တုကုမ္ပဏီများက တူးဖော်ခွင့်ပြန်လည် လျှောက်ထားကြသည်ဟု ကချင် ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န် ကြီးဦးဒါရှီလဆိုင်းက ပြောသည်။ 
ပန်ဝါဒေသရှိ သတ္တုကုမ္ပဏီ အားလုံးသည် မေလကုန်ကစ၍ တူးဖော်ခွင့် သက်တမ်းကုန်ခဲ့ပြီး ယခုအခါ ဆက်လက်တူးဖော်ခွင့် ပြုရန် ပြန်လည်လျှောက်ထားခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီများနှင့် ပတ်သက်၍ သတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် စနစ် မကျဟုဆိုကာ လာရောက်စစ် ဆေးပေးရန် အစိုးရထံသို့ ဒေသခံများက တောင်းဆိုခဲ့ဖူးသည်။ 
‘‘အခုလျှောက်ကြတဲ့ ကုမ္ပ ဏီ ၁၀ ခု မကဘူး။ သူတို့သက် တမ်းပြန်တိုးကြမယ်လို့ ပြောတယ်’’ဟု ဦးဒါရှီလဆိုင်းက ဇွန်လ ၂ ရက်တွင် ပြောသည်။ 
သတ္တုတူးဖော်ရေးကဏ္ဍကို ပြည်ထောင်စုအစိုးရက တိုက် ရိုက်ကိုင်တွယ်ခြင်းဖြစ်ရာ ကုမ္ပ ဏီများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ၀န်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားသည်ဟု ပြည်နယ် ၀န်ကြီးက ပြောသည်။ 
တရုတ်နိုင်ငံနှင့် နယ်ချင်းထိ စပ်နေပြီး ရှားပါးသတ္တုဖြစ်သော မြေရှားသတ္တု၊ ခဲမဖြူနှင့် သံသတ္တု များ ထွက်ရှိသည့် အထူးဒေသ (၁) ပန်ဝါဒေသတွင် ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့အ ခြေစိုက် လှုပ်ရှားနေသည်။ ယင်းအဖွဲ့ခေါင်းဆောင်များနှင့် မိသားစုဝင်များက သတ္တုကုမ္ပဏီများ ထူထောင်ထားသည်ဟု ဦးဒါရှီလစိုင်းက ပြောသည်။ 
ပန်ဝါဒေသတွင် မြန်မာမျိုးကိုကို၊ ဆန်းလင်း၊ ချိန်ရိန်တောင်၊ ဘောမ်မြန်၊ မြန်မာအထွဋ်အထိပ်၊ လန်းဂျောဘွမ်ကုမ္ပဏီအပါအ၀င် သတ္တုတူးဖော်ရေး ကုမ္ပဏီအနည်းဆုံး ၁၀ ခုခန့်ရှိသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆို သည်။ 
အထက်ပါ ကုမ္ပဏီများက စွန့်ပစ်သည့် ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များ အစာအ ဆိပ်သင့်နေသဖြင့် စစ်ဆေးပေး ရန် ဒေသခံများက ပြည်နယ်အစိုး ရထံ တိုင်ကြား၍ ကချင်ပြည်နယ် အစိုးရအဖွဲ့က မေလ ၁၅ ရက်နှင့် ၁၆ ရက်တွင် သွားရောက်စစ်ဆေး ခဲ့သည်။ သို့သော် လုံခြုံရေးအခြေ အနေအရ နေရာစုံစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ 
စစ်ဆေးတွေ့ရှိခဲ့သည့် အခြေအနေအရ ကုမ္ပဏီအချို့သည်စည်းကမ်းမလိုက်နာမှုများ တွေ့ခဲ့ရကြောင်း စစ်ဆေးရေး အဖွဲ့က ပြောပြီး သတ္တုတူးဖော်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 
ဒေသတွင်း သတ္တုတူးဖော် ရေးကုမ္ပဏီများက စွန့်ပစ်သည့် ဓာတုဆေးရည်များကြောင့် ချောင်း ရေများ သုံးမရအောင် အဆိပ်သင့်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို မထိန်းချုပ်နိုင်သေးမီ ယင်းကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် မပေးသင့်ကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက မှတ်ချက်ပြုသည်။ 

တိုင်းရင်းသားအရေး ဆောင်ရွက်သူ ဇခုန်ဘရန်နူးက ‘‘ဆိုးကျိုးရှိနေတာကို လူတိုင်းက သိနေတာ။ ဒေသခံလူထုအတွက် အကျိုးမပြုတဲ့ ဒီလုပ်ငန်းကို ဆက်တူးဖော်ခွင့် ချမပေးသင့်တော့ဘူး’’ဟု ဆိုသည်။

7Day 

0 comments:

Post a Comment