
ကချင်ပြည်နယ် မိုးကောင်းမြို့၊ တိ/မွေး/ကု ဌာနမှ ဒုဦးစီးမှူး ဒေါက်တာ သိန်းမင်းဇော် သည် ဒီဇင်ဘာ (၂)ရက် နေ့ခင်းပိုင်းက မိုးကောင်းမြို့မှ ထုံးရေပေါက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအဝင် ဆိုင်းဘုတ်အနီး မိုင်တိုင်အမှတ် ၁၃၆/၁၃၇ ကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားသဖြင့် တာဝန်ရှိသူများက ပင်းဘောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။







v





















