Monday, December 2, 2019

ရေးမြို့တွင် စိတ်ဝေဒနာရှင်မိန်းကလေး အဓမ္မပြုကျင့်ခံရ

No photo description available.

ဒီဇင်ဘာ ၁ ရက်ညနေ ၅ နာရီခွဲက မွန်ပြည်နယ် ရေးမြို့နေ အသက် ၂၄ နှစ်အရွယ် စိတ်ကျန်းမာရေးဝေဒနာရှင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါမိန်းကလေးဟာ နေအိမ်ကထွက်ခွာပြီး ဝက်သားတုတ်ထိုးဆိုင်မှာ စားနေစဉ် တရပ်ကွက်တည်းနေ ရင်းနှီးခဲ့တဲ့ အသိထဲက ဆိုင်ကယ်ကယ်ရီသမား ကျော်စွာဦးဆိုသူက ဆိုင်ကယ်မောင်းသင်ပေးမယ် ဆိုပြီး ခေါ်တဲ့အတွက် လိုက်သွားခဲ့ရာ ဆိုင်ကယ်မောင်းသင်မပေးဘဲ တူးမြောင်းကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းမှာ အဓမ္မ ၁ ကြိမ်၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမဆက်ဆံမှု ၁ ကြိမ် ပြုကျင့်ခဲ့တယ်လို့ ရဲအရာရှိက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်စွာဦးဟာ မိန်းကလေးအား ဆိုင်ကယ်နဲ့ပြန် ခေါ်လာကာ ရွာကလေး ဈေးမှာချထားပေးပြီးည ၈ နာရီမှာ နေအိမ်ကို ပြန်ရောက်လာမှ မိဘတွေ သိရှိပြီး ရဲစခန်းမှာ တိုင်တန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၃၇၆/၃၇၇အရ ကျော်စွာဦး ကို အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
<zawgyi>
ရေးမြို့တွင် စိတ်ဝေဒနာရှင်မိန်းကလေး အဓမ္မပြုကျင့်ခံရ
Monday , December 2 , 2019

ဒီဇင်ဘာ ၁ ရက်ညနေ ၅ နာရီခွဲက မွန်ပြည်နယ် ရေးမြို့နေ အသက် ၂၄ နှစ်အရွယ် စိတ်ကျန်းမာရေးဝေဒနာရှင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါမိန်းကလေးဟာ နေအိမ်ကထွက်ခွာပြီး ဝက်သားတုတ်ထိုးဆိုင်မှာ စားနေစဉ် တရပ်ကွက်တည်းနေ ရင်းနှီးခဲ့တဲ့ အသိထဲက ဆိုင်ကယ်ကယ်ရီသမား ကျော်စွာဦးဆိုသူက ဆိုင်ကယ်မောင်းသင်ပေးမယ် ဆိုပြီး ခေါ်တဲ့အတွက် လိုက်သွားခဲ့ရာ ဆိုင်ကယ်မောင်းသင်မပေးဘဲ တူးမြောင်းကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းမှာ အဓမ္မ ၁ ကြိမ်၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမဆက်ဆံမှု ၁ ကြိမ် ပြုကျင့်ခဲ့တယ်လို့ ရဲအရာရှိက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်စွာဦးဟာ မိန်းကလေးအား ဆိုင်ကယ်နဲ့ပြန် ခေါ်လာကာ ရွာကလေး ဈေးမှာချထားပေးပြီးည ၈ နာရီမှာ နေအိမ်ကို ပြန်ရောက်လာမှ မိဘတွေ သိရှိပြီး ရဲစခန်းမှာ တိုင်တန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၃၇၆/၃၇၇အရ ကျော်စွာဦး ကို အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

0 comments:

Post a Comment