Monday, December 2, 2019

ဝန်ကြီးချုပ် နုတ်ထွက်ပေမယ့် နိုင်ငံရေးစနစ်တခုလုံး ပြောင်းလဲဖို့ အီရတ်ဆန္ဒပြသူများ တောင်းဆို

Image may contain: 1 person, crowd, shoes and outdoor

အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi ရဲ့ နုတ်ထွက်မှုကို လွှတ်တော်က တနင်္ဂနွေနေ့မှာ လက်ခံလိုက်ပြီး လွှတ်တော်တွင်းက အင်အားအကြီးဆုံး အဖွဲ့အနေနဲ့ ဝန်ကြီးချုပ်သစ် ခန့်အပ်ဖို့ သမ္မတ Barham Salih က ပြောဆိုထားပေမယ့် နိုင်ငံတွင်းက အစိုးရဆန့်ကျင်ရေး ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေ အဆုံးသတ်သွားမယ့် အခြေအနေ မရှိသေးကြောင်း သိရှိရသည်။

၀န်ကြီးချုပ်သစ် အတည်ပြု မခန့်အပ်နိုင်ခင် အချိန်ထိ ဝန်ကြီးချုပ် Mahdi နဲ့ သူ့အစိုးရ အဖွဲ့က အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူဖို့ သဘောတူထားကြောင်း သိရှိရသည်။
၀န်ကြီးချုပ် Mahdi နုတ်ထွက်ရုံလောက်နဲ့တော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကျေနပ်မယ့် အခြေအနေ မရှိပါဘူး။ ဝန်ကြီးချုပ်သစ် လွှဲပြောင်း တာဝန်ယူရုံတင် မဟုတ်ဘဲ အကျင့်ပျက် ခြစားမှုတွေ၊ မကျွမ်းကျင်မှုတွေနဲ့ ရေနံကြွယ်ဝတဲ့နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို မစွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးစနစ်တခုလုံး ပြောင်းလဲဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြောင်း သိရှိရသည်။
အောက်တိုဘာလ အစောပိုင်းက စခဲ့တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၄၀၀ နီးပါးရှိပြီး လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
<zawgyi>
ဝန်ကြီးချုပ် နုတ်ထွက်ပေမယ့် နိုင်ငံရေးစနစ်တခုလုံး ပြောင်းလဲဖို့ အီရတ်ဆန္ဒပြသူများ တောင်းဆို
Monday , December 2 , 2019

အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi ရဲ့ နုတ်ထွက်မှုကို လွှတ်တော်က တနင်္ဂနွေနေ့မှာ လက်ခံလိုက်ပြီး လွှတ်တော်တွင်းက အင်အားအကြီးဆုံး အဖွဲ့အနေနဲ့ ဝန်ကြီးချုပ်သစ် ခန့်အပ်ဖို့ သမ္မတ Barham Salih က ပြောဆိုထားပေမယ့် နိုင်ငံတွင်းက အစိုးရဆန့်ကျင်ရေး ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေ အဆုံးသတ်သွားမယ့် အခြေအနေ မရှိသေးကြောင်း သိရှိရသည်။
ဝန်ကြီးချုပ်သစ် အတည်ပြု မခန့်အပ်နိုင်ခင် အချိန်ထိ ဝန်ကြီးချုပ် Mahdi နဲ့ သူ့အစိုးရ အဖွဲ့က အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူဖို့ သဘောတူထားကြောင်း သိရှိရသည်။
ဝန်ကြီးချုပ် Mahdi နုတ်ထွက်ရုံလောက်နဲ့တော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကျေနပ်မယ့် အခြေအနေ မရှိပါဘူး။ ဝန်ကြီးချုပ်သစ် လွှဲပြောင်း တာဝန်ယူရုံတင် မဟုတ်ဘဲ အကျင့်ပျက် ခြစားမှုတွေ၊ မကျွမ်းကျင်မှုတွေနဲ့ ရေနံကြွယ်ဝတဲ့နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို မစွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးစနစ်တခုလုံး ပြောင်းလဲဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြောင်း သိရှိရသည်။
အောက်တိုဘာလ အစောပိုင်းက စခဲ့တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၄၀၀ နီးပါးရှိပြီး လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #Adel_Abdul_Mahdi #အီရတ်

0 comments:

Post a Comment