Monday, December 2, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်း အခမ်းအနားသို့ တက်ရောက်

Image may contain: 8 people, people smiling, people standing and outdoorImage may contain: 1 person, crowd

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က " ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ ရာပြည့် အကြိုကာလကစပြီးနှစ်(၁၀ဝ)မြောက် ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒီလုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြပါ၊ ဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တွေကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသား ဟောင်းကြီးတွေ၊ မိဘပြည်သူတွေကို ပွင့်လင်းမြင် သာစွာတင်ပြပြီး အားလုံးဝိုင်းဝန်းပူး ပေါင်းပါဝင်လာအောင် ကြိုးပမ်းသွားကြပါ၊ ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်သဘင် အခမ်းအနားကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
<zawgyi>
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်း အခမ်းအနားသို့ တက်ရောက်
Monday , December 2 , 2019

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က " ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ ရာပြည့် အကြိုကာလကစပြီးနှစ်(၁၀ဝ)မြောက် ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒီလုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြပါ၊ ဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တွေကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသား ဟောင်းကြီးတွေ၊ မိဘပြည်သူတွေကို ပွင့်လင်းမြင် သာစွာတင်ပြပြီး အားလုံးဝိုင်းဝန်းပူး ပေါင်းပါဝင်လာအောင် ကြိုးပမ်းသွားကြပါ၊ ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်သဘင် အခမ်းအနားကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment