Monday, December 2, 2019

းဂိမ်းအားကစားပြိုင်ပွဲကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းကမ်မူရီ ဝင်ရောက်

Image may contain: one or more people, people standing, outdoor and naturevImage may contain: outdoor and water

ဆီးဂိမ်းအားကစားပြိုင်ပွဲကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီဝင်ရောက်နေလို့ လူထောင်ချီ သဘာဝဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပြီး မြို့တော်မနီလာနားမှာရှိတဲ့ ဆီးဂိမ်းအစီအစဉ်တွေကိုလည်း နှောင့်ယှက်နေကြောင်း သိရှိရပါတယ်။

ကမ်မူရီဟာ တနင်္လာနေ့ညပိုင်းမဟုတ်ရင် အင်္ဂါနေ့မနက်ပိုင်းလောက်မှာ ဖိလစ်ပိုင်အရှေ့ပိုင်းကို ဝင်ရောက်နိုင်ပြီး မိုးကြီးလေကြီးကျနိုင်တဲ့အပြင် လေတိုက်နှုန်းတစ်နာရီ ၁၈၅ ကီလိုမီတာလောက်ရှိနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေရှိနေပြီး မုန်တိုင်းလမ်းကြောင်းဟာ ဆီးဂိမ်းပြိုင်ပွဲတော်တော်များများကျင်းပနေပြီး လူ ၁၃ သန်းလောက်နေထိုင်ကြတဲ့ မနီလာမြို့နားကိုဖြတ်သွားနိုင်ချေရှိကြောင်း သိရှိရပါတယ်။
လူ ၇ သောင်းနီးနီးလောက်ကတော့ မုန်တိုင်းဝင်ရောက်မယ်လို့ခန့်မှန်းနေကြတဲ့ ဘီကောဒေသမှာရှိတဲ့သူတို့ရဲ့အိမ်တွေကနေ ဘေးလွတ်ရာရွှေ့ပြောင်းပြီးပါပြီ။ မိုးကြီးလို့ မြေပြိုနိုင်ပြီး နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းဒေသတွေကိုရိုက်ခတ်နိုင်တဲ့မုန်တိုင်းကြောင့် ဒီရေ ၃ မီတာလောက်အထိမြင့်တက်လာနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေဝသဗျူရိုက သတိပေးထားကြောင်း သိရှိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ လူအသေအပျောက်အများဆုံးကတော့ ၂၀၁၃ ခုနှစ်မှာဝင်ရောက်ခဲ့တဲ့စူပါတိုင်ဖွန်းဟိုင်ယန်ဖြစ်ပြီး မုန်တိုင်းကြောင့် လူ ၇၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။
<zawgyi>
ဆီးဂိမ်းအားကစားပြိုင်ပွဲကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းကမ်မူရီ ဝင်ရောက်
Monday , December 2 , 2019

ဆီးဂိမ်းအားကစားပြိုင်ပွဲကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီဝင်ရောက်နေလို့ လူထောင်ချီ သဘာဝဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပြီး မြို့တော်မနီလာနားမှာရှိတဲ့ ဆီးဂိမ်းအစီအစဉ်တွေကိုလည်း နှောင့်ယှက်နေကြောင်း သိရှိရပါတယ်။
ကမ်မူရီဟာ တနင်္လာနေ့ညပိုင်းမဟုတ်ရင် အင်္ဂါနေ့မနက်ပိုင်းလောက်မှာ ဖိလစ်ပိုင်အရှေ့ပိုင်းကို ဝင်ရောက်နိုင်ပြီး မိုးကြီးလေကြီးကျနိုင်တဲ့အပြင် လေတိုက်နှုန်းတစ်နာရီ ၁၈၅ ကီလိုမီတာလောက်ရှိနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေရှိနေပြီး မုန်တိုင်းလမ်းကြောင်းဟာ ဆီးဂိမ်းပြိုင်ပွဲတော်တော်များများကျင်းပနေပြီး လူ ၁၃ သန်းလောက်နေထိုင်ကြတဲ့ မနီလာမြို့နားကိုဖြတ်သွားနိုင်ချေရှိကြောင်း သိရှိရပါတယ်။
လူ ၇ သောင်းနီးနီးလောက်ကတော့ မုန်တိုင်းဝင်ရောက်မယ်လို့ခန့်မှန်းနေကြတဲ့ ဘီကောဒေသမှာရှိတဲ့သူတို့ရဲ့အိမ်တွေကနေ ဘေးလွတ်ရာရွှေ့ပြောင်းပြီးပါပြီ။ မိုးကြီးလို့ မြေပြိုနိုင်ပြီး နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းဒေသတွေကိုရိုက်ခတ်နိုင်တဲ့မုန်တိုင်းကြောင့် ဒီရေ ၃ မီတာလောက်အထိမြင့်တက်လာနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေဝသဗျူရိုက သတိပေးထားကြောင်း သိရှိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ လူအသေအပျောက်အများဆုံးကတော့ ၂၀၁၃ ခုနှစ်မှာဝင်ရောက်ခဲ့တဲ့စူပါတိုင်ဖွန်းဟိုင်ယန်ဖြစ်ပြီး မုန်တိုင်းကြောင့် လူ ၇၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။
#Myanmar_Online_News #AFP

0 comments:

Post a Comment