Monday, December 2, 2019

ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းရင်စပါးများ ယမန်နှစ်ကထက် ဈေးနှုန်းများကျဆင်းနေ၍ စပါးရောင်းချရန် တောင်သူအချို့ဆိုင်းငံ့နေရ

Image may contain: sky, outdoor and natureImage may contain: sky and outdoor

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် ယခုနှစ် ပေါ်ဆန်းရင်စပါးပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းနေ၍ မိမိတို့လယ်ယာထွက် စပါးများအား ရောင်းချရန်အတွက် ဆိုင်းငံ့နေကြရကြောင်း တောင်သူများထံမှ သိရသည်။

ယမန်နှစ်က ပေါ်ဆန်းရင်စပါးတင်း ၁၀၀ လျှင် ကနဦးပေါက်ဈေး ငွေကျပ် ၉၀၀၀၀၀ နှုန်းဖြင့် ဝယ်ယူခဲ့ သော်လည်း ယခုနှစ်အတွင်း လက်ရှိပေါက်ဈေးမှာ ငွေကျပ် ၇၀၀၀၀၀ ကျပ်ဖြင့်သာ ဆန်စက်များက ဝယ်ယူလျက်ရှိနေသဖြင့် ယမန်နှစ်စပါးပေါက်ဈေးထက် ငွေကျပ် ၂၀၀၀၀၀ ဝန်းကျင်ခန့် ကျဆင်း လျက်ရှိသည်။
အဆိုပါ စပါးဈေးနှုန်းကျဆင်းနေမှုကြောင့် တောင်သူများအနေဖြင့် ယခုနှစ်ထွက်ရှိသောစပါးများအား လက်ရှိ ပေါက်ဈေးဖြင့်ရောင်းချပါက များစွာငွေကြေးဆုံးရှုံးမှုများရှိနိုင်မည်ကို စိုးရိမ်လျှက်ရှိ‌နေကြောင်း လပွတ္တာမြို့နယ် မြို့မ(၉)ပိုင် ကွင်းယားအုပ်စုနေ စပါးစိုက်တောင်သူ တစ်ဦးက "လယ်တစ်ဧကကို ကြဲခင်းအနေနဲ့စပါးစိုက်ပျိုးမယ်ဆိုရင် မိုးဦးကာလစိုက်ပျိုးချိန်နဲ့ နွေအခါရိတ်သိမ်းချိန်ထိ ကုန်ကျငွေက လုပ်အားခအပါအ၀င်ပျမ်းမျှ ငွေကျပ် ၁၉၅၀၀၀ လောက်ကုန်ကျပါတယ်၊ တစ်ဧကစပါးအထွက်နှုန်းက ကျွန်တော်တို့ဘက်မှာ ပေါ်ဆန်းရင်စပါးဆိုရင် အများဆုံး တင်း(၄၀)လောက်ပဲ ထွက်ပါတယ်၊ အခုနှစ် စပါးပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို ငွေကျပ် ၂၈၀၀၀၀ လောက်တော့ရမှာပါ၊ ဒါကလည်းဆန်စက်တွေမှာ စပါးကြိတ်ခွဲစမ်းသပ်ပြီး ဆန်အထွက်‌နှုန်းကောင်းမှ အမြင့်ဆုံးရတဲ့စပါးဈေးပါ၊ ဆန်အထွက် မကောင်းရင် ဈေးလျော့ပါသေးတယ်၊ အခုလက်ရှိစပါးပေါက်ဈေးနဲ့ဆို ကျွန်တော်တို့အတွက် တစ်ဧကကို ၈၅၀ ၀၀ လောက်တော့ အကြမ်းဖျင်း ပိုတယ်လို့ပြောရမှာပေါ့၊ စိုက်ခင်းဆိုရင် ကုန်ကျစရိတ်က ဒီထက်ပိုမြင့်တယ် လေ၊ နိုင်ငံတော်ကစိုက်ပျိုးစရိတ် ထုတ်ချေးရာမှာလဲ တစ်ဧကကို ၁၅၀၀၀၀ နှုန်းနဲ့ ၁၀ ဧကအတွက်သာ ထုတ်ချေးတာမို့ မလုံလောက်တဲ့အခါ ပြင်ပကငွေချေးပြီး စိုက်ပျိုးစရိတ်ထည့်ရတာတွေလည်း ရှိပါတယ်၊ အခုနှစ်မှာဆိုရင်ဒီဘက်က တောင်သူအတော်များများ ယခင်နှစ်ကထက် စပါးအထွက်တွေ ဆုတ်ကြပါတယ်၊ စပါးဈေးကလည်းကျဆိုတော့ ဆန်စက်တွေအနေနဲ့ ၇၀၀၀၀၀ ဈေးနဲ့ ဝယ်ယူနေပေ မယ့်အပြင် ကုန်သည်တွေအနေနဲ့ ခုချိန်ထိလာ‌ေရာက်ဝယ်ယူခြင်းမရှိသေးပါဘူး"လို့ပြောကြားချက်အရသိရသည်။
သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် စပါးများ ရိတ်သိမ်း‌ခြွေလှေ့ ပြီးဖြစ်သော်လည်း ရရှိလာသောစပါးများအား လက်ရှိဈေးနှုန်းဖြင့် ရောင်းချလိုခြင်းမရှိသဖြင့် စပါးဈေးနှုန်း မြင့်တက်လာချိန်ကိုသာ စောင့်မျှော်လျက်ရှိ‌‌နေကြကြောင်း သိရသည်။

ခင်လေးဝါ (ရွှေတာမြေ)
<zawgyi>
ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းရင်စပါးများ ယမန်နှစ်ကထက် ဈေးနှုန်းများကျဆင်းနေ၍ စပါးရောင်းချရန် တောင်သူအချို့ဆိုင်းငံ့နေရ
Monday , December 2 , 2019

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် ယခုနှစ် ပေါ်ဆန်းရင်စပါးပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းနေ၍ မိမိတို့လယ်ယာထွက် စပါးများအား ရောင်းချရန်အတွက် ဆိုင်းငံ့နေကြရကြောင်း တောင်သူများထံမှ သိရသည်။
ယမန်နှစ်က ပေါ်ဆန်းရင်စပါးတင်း ၁၀၀ လျှင် ကနဦးပေါက်ဈေး ငွေကျပ် ၉၀၀၀၀၀ နှုန်းဖြင့် ဝယ်ယူခဲ့ သော်လည်း ယခုနှစ်အတွင်း လက်ရှိပေါက်ဈေးမှာ ငွေကျပ် ၇၀၀၀၀၀ ကျပ်ဖြင့်သာ ဆန်စက်များက ဝယ်ယူလျက်ရှိနေသဖြင့် ယမန်နှစ်စပါးပေါက်ဈေးထက် ငွေကျပ် ၂၀၀၀၀၀ ဝန်းကျင်ခန့် ကျဆင်း လျက်ရှိသည်။
အဆိုပါ စပါးဈေးနှုန်းကျဆင်းနေမှုကြောင့် တောင်သူများအနေဖြင့် ယခုနှစ်ထွက်ရှိသောစပါးများအား လက်ရှိ ပေါက်ဈေးဖြင့်ရောင်းချပါက များစွာငွေကြေးဆုံးရှုံးမှုများရှိနိုင်မည်ကို စိုးရိမ်လျှက်ရှိ‌နေကြောင်း လပွတ္တာမြို့နယ် မြို့မ(၉)ပိုင် ကွင်းယားအုပ်စုနေ စပါးစိုက်တောင်သူ တစ်ဦးက "လယ်တစ်ဧကကို ကြဲခင်းအနေနဲ့စပါးစိုက်ပျိုးမယ်ဆိုရင် မိုးဦးကာလစိုက်ပျိုးချိန်နဲ့ နွေအခါရိတ်သိမ်းချိန်ထိ ကုန်ကျငွေက လုပ်အားခအပါအဝင်ပျမ်းမျှ ငွေကျပ် ၁၉၅၀၀၀ လောက်ကုန်ကျပါတယ်၊ တစ်ဧကစပါးအထွက်နှုန်းက ကျွန်တော်တို့ဘက်မှာ ပေါ်ဆန်းရင်စပါးဆိုရင် အများဆုံး တင်း(၄၀)လောက်ပဲ ထွက်ပါတယ်၊ အခုနှစ် စပါးပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို ငွေကျပ် ၂၈၀၀၀၀ လောက်တော့ရမှာပါ၊ ဒါကလည်းဆန်စက်တွေမှာ စပါးကြိတ်ခွဲစမ်းသပ်ပြီး ဆန်အထွက်‌နှုန်းကောင်းမှ အမြင့်ဆုံးရတဲ့စပါးဈေးပါ၊ ဆန်အထွက် မကောင်းရင် ဈေးလျော့ပါသေးတယ်၊ အခုလက်ရှိစပါးပေါက်ဈေးနဲ့ဆို ကျွန်တော်တို့အတွက် တစ်ဧကကို ၈၅၀ ၀၀ လောက်တော့ အကြမ်းဖျင်း ပိုတယ်လို့ပြောရမှာပေါ့၊ စိုက်ခင်းဆိုရင် ကုန်ကျစရိတ်က ဒီထက်ပိုမြင့်တယ် လေ၊ နိုင်ငံတော်ကစိုက်ပျိုးစရိတ် ထုတ်ချေးရာမှာလဲ တစ်ဧကကို ၁၅၀၀၀၀ နှုန်းနဲ့ ၁၀ ဧကအတွက်သာ ထုတ်ချေးတာမို့ မလုံလောက်တဲ့အခါ ပြင်ပကငွေချေးပြီး စိုက်ပျိုးစရိတ်ထည့်ရတာတွေလည်း ရှိပါတယ်၊ အခုနှစ်မှာဆိုရင်ဒီဘက်က တောင်သူအတော်များများ ယခင်နှစ်ကထက် စပါးအထွက်တွေ ဆုတ်ကြပါတယ်၊ စပါးဈေးကလည်းကျဆိုတော့ ဆန်စက်တွေအနေနဲ့ ၇၀၀၀၀၀ ဈေးနဲ့ ဝယ်ယူနေပေ မယ့်အပြင် ကုန်သည်တွေအနေနဲ့ ခုချိန်ထိလာ‌ရောက်ဝယ်ယူခြင်းမရှိသေးပါဘူး"လို့ပြောကြားချက်အရသိရသည်။
သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် စပါးများ ရိတ်သိမ်း‌ခြွေလှေ့ ပြီးဖြစ်သော်လည်း ရရှိလာသောစပါးများအား လက်ရှိဈေးနှုန်းဖြင့် ရောင်းချလိုခြင်းမရှိသဖြင့် စပါးဈေးနှုန်း မြင့်တက်လာချိန်ကိုသာ စောင့်မျှော်လျက်ရှိ‌‌နေကြကြောင်း သိရသည်။
ခင်လေးဝါ (ရွှေတာမြေ)

0 comments:

Post a Comment