Monday, December 2, 2019

မန္တလေးမြို့တွင် သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲကြီးအား ဒီဇင်ဘာလ( ၈ )ရက်နေ့တွင် ကျင်းပမည်

Image may contain: one or more people and crowd

၂၀၁၉ခုနှစ် ဒီဇင်ဘာလ( ၈ )ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီတိတိမှာ "မြန်မာ-ထိုင်း" ချစ်ကြည်ရေး သံဃာအပါး(၃၀၀၀၀) ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲကြီးကို မန္တလေးမြို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

သံဃာအပါး(၃၀၀၀၀) တပြိုင်နက်လောင်းလှူခွင့်ရခြင်းသည် အလွန်ပင် ကြုံကြိုက်ခဲသော ထူးခြားသည့် ကုသိုလ်ဒါနပွဲကြီးဖြစ်လို့ ပြည်သူများအားလုံး ပါဝင်ဆင်နွဲကြဖို့ ဖိတ်ခေါ်ထားပြီး ကုသိုလ်ရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် မြို့လယ်ဓမ္မာရုံ ၈၄လမ်း၊ ၃၁x၃၂ လမ်းကြား၊ ချမ်းမြသာစည်လေဆိပ်အနောက်ပေါက် နှင့် Royal Mingalar Hotel တောင်ဘက်၊ ချမ်းမြသာစည်လေဆိပ်အရှေ့ပေါက် နေရာများတွင် ဖွင့်လှစ်ထားသော အလှူခံမဏ္ဍပ်များသို့ သွားရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
သံဃာအပါး(၁၀၀၀၀)နှင့်အထက် ပစ္စည်း လောင်းလှူလိုသူများ အနေဖြင့် မိမိတို့လောင်းလှူမည့် ပစ္စည်းများကို
ဒီဇင်ဘာလ(၁)ရက်မှ (၅)ရက်နေ့အတွင်း ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ဖွင့်လှစ်ထားသောရုံးခန်းသို့ ကြိုတင်ပို့ဆောင်ပေးကြပါရန် မေတ္တာရပ်ခံထားပြီး ယင်းပစ္စည်းများကို ကျင်းပရေးကော်မတီအနေဖြင့် လောင်းလှူမည့်နေရာတွင် ကြိုတင်ချထားပေးမည်ဖြစ်ကြောင် သိရှိရသည်။

အလှူရှင်များအနေဖြင့် မိမိတို့လောင်းလှူရမည့်နေရာကို ဒီဇင်ဘာလ(၆)ရက်နှင့် (၇)ရက်နေ့တွင်သိရှိနိုင်ရန် လေယာဉ်ကွင်းရှိရုံးခန်းသို့ ဒီဇင်ဘာလ(၇)ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်လာရောက်ကြည့်ရှုပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။
သံဃာအပါး(၁၀၀၀၀)အောက် ပစ္စည်းလောင်းလှူမည့်အလှူရှင်များအနေဖြင့် ဒီဇင်ဘာလ(၆)ရက်နေ့တွင် လေယာဉ်ကွင်းသို့လာရောက်၍ ကြိုတင်စာရင်းပေးသွင်းပါက လှူရမည့်နေရာကို ကော်မတီမှ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး မိမိတို့လောင်းလှူမည့် ပစ္စည်းများကို ကိုယ်တိုင်ကြိုတင်နေရာချထား၍ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်တွင် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူနိုင်သည်ဟု အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။
ကျင်းပပြုလုပ်မည့် အသေးစိတ်အစီအစဥ်ကို သတင်းစာများတွင် ထပ်မံကြေညာသွားပါမယ်။ လေယာဥ်ကွင်းမှာဖွင့်လှစ်ထားတဲ့ ယာယီရုံးခန်းမှာလည်း လာရောက်ကြည့်ရှုမေးမြန်းနိုင်ကြောင် သိရှိရသည်။
Image may contain: one or more people, people standing, sky and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: sky and outdoor
<zawgyi>
မန္တလေးမြို့တွင် သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲကြီးအား ဒီဇင်ဘာလ( ၈ )ရက်နေ့တွင် ကျင်းပမည်
Monday , December 2 , 2019

၂၀၁၉ခုနှစ် ဒီဇင်ဘာလ( ၈ )ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီတိတိမှာ "မြန်မာ-ထိုင်း" ချစ်ကြည်ရေး သံဃာအပါး(၃၀၀၀၀) ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲကြီးကို မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
သံဃာအပါး(၃၀၀၀၀) တပြိုင်နက်လောင်းလှူခွင့်ရခြင်းသည် အလွန်ပင် ကြုံကြိုက်ခဲသော ထူးခြားသည့် ကုသိုလ်ဒါနပွဲကြီးဖြစ်လို့ ပြည်သူများအားလုံး ပါဝင်ဆင်နွဲကြဖို့ ဖိတ်ခေါ်ထားပြီး ကုသိုလ်ရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် မြို့လယ်ဓမ္မာရုံ ၈၄လမ်း၊ ၃၁x၃၂ လမ်းကြား၊ ချမ်းမြသာစည်လေဆိပ်အနောက်ပေါက် နှင့် Royal Mingalar Hotel တောင်ဘက်၊ ချမ်းမြသာစည်လေဆိပ်အရှေ့ပေါက် နေရာများတွင် ဖွင့်လှစ်ထားသော အလှူခံမဏ္ဍပ်များသို့ သွားရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
သံဃာအပါး(၁၀၀၀၀)နှင့်အထက် ပစ္စည်း လောင်းလှူလိုသူများ အနေဖြင့် မိမိတို့လောင်းလှူမည့် ပစ္စည်းများကို
ဒီဇင်ဘာလ(၁)ရက်မှ (၅)ရက်နေ့အတွင်း ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ဖွင့်လှစ်ထားသောရုံးခန်းသို့ ကြိုတင်ပို့ဆောင်ပေးကြပါရန် မေတ္တာရပ်ခံထားပြီး ယင်းပစ္စည်းများကို ကျင်းပရေးကော်မတီအနေဖြင့် လောင်းလှူမည့်နေရာတွင် ကြိုတင်ချထားပေးမည်ဖြစ်ကြောင် သိရှိရသည်။

အလှူရှင်များအနေဖြင့် မိမိတို့လောင်းလှူရမည့်နေရာကို ဒီဇင်ဘာလ(၆)ရက်နှင့် (၇)ရက်နေ့တွင်သိရှိနိုင်ရန် လေယာဉ်ကွင်းရှိရုံးခန်းသို့ ဒီဇင်ဘာလ(၇)ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်လာရောက်ကြည့်ရှုပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။
သံဃာအပါး(၁၀၀၀၀)အောက် ပစ္စည်းလောင်းလှူမည့်အလှူရှင်များအနေဖြင့် ဒီဇင်ဘာလ(၆)ရက်နေ့တွင် လေယာဉ်ကွင်းသို့လာရောက်၍ ကြိုတင်စာရင်းပေးသွင်းပါက လှူရမည့်နေရာကို ကော်မတီမှ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး မိမိတို့လောင်းလှူမည့် ပစ္စည်းများကို ကိုယ်တိုင်ကြိုတင်နေရာချထား၍ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်တွင် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူနိုင်သည်ဟု အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။
ကျင်းပပြုလုပ်မည့် အသေးစိတ်အစီအစဉ်ကို သတင်းစာများတွင် ထပ်မံကြေညာသွားပါမယ်။ လေယာဉ်ကွင်းမှာဖွင့်လှစ်ထားတဲ့ ယာယီရုံးခန်းမှာလည်း လာရောက်ကြည့်ရှုမေးမြန်းနိုင်ကြောင် သိရှိရသည်။

0 comments:

Post a Comment