Monday, December 2, 2019

ခေတ်အဆက်ဆက်ကျဆုံးခဲ့သော တပ်မတော်သားများအား ဂုဏ်ပြုခြင်း အခမ်းအနားအား သူရဲကောင်းစစ်သည်ဗိမာန်တွင် (၆) ကြိမ်မြောက်ကျင်းပ

Image may contain: one or more people and outdoor

ခေတ်အဆက်ဆက်ကျဆုံးခဲ့သော တပ်မတော်သားများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ (၆) ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရဲဘော်သုံး ကျိပ်ဝင်များ၏ မိသားစုဝင်များ၊ တပ်မတော်သားများ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်ချစ်မြတ်နိုးသူများ စုစုပေါင်း(၅၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ခေတ်အဆက်ဆက်က ကျဆုံးလေပြီးသော သူရဲကောင်းအညတရစစ်သည်တော်များကို အလေးပြုခြင်း၊ သူရဲကောင်းစစ်သည်တော်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခြင်း၊ သူရဲကောင်းအညတရစစ်သည်တော်များ ကောင်းရာဘုံဘဝသို့ ရောက်ရှိစေရန် ဆုတောင်းလျက် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းစေရန် စိတ်ရည်သန်လျက် ကိုယ်လက်အင်္ဂါစွန့်လှူထားရသော စစ်စည်တော်ဟောင်းများက ငြိမ်းချမ်းရေးနိမိတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားကို နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
Image may contain: 2 people, motorcycle and outdoor
Image may contain: 18 people, people standing, crowd and outdoor
Image may contain: 3 people, sky, child and outdoor
<zawgyi>
ခေတ်အဆက်ဆက်ကျဆုံးခဲ့သော တပ်မတော်သားများအား ဂုဏ်ပြုခြင်း အခမ်းအနားအား သူရဲကောင်းစစ်သည်ဗိမာန်တွင် (၆) ကြိမ်မြောက်ကျင်းပ
Monday , December 2 , 2019

ခေတ်အဆက်ဆက်ကျဆုံးခဲ့သော တပ်မတော်သားများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ (၆) ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရဲဘော်သုံး ကျိပ်ဝင်များ၏ မိသားစုဝင်များ၊ တပ်မတော်သားများ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်ချစ်မြတ်နိုးသူများ စုစုပေါင်း(၅၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ခေတ်အဆက်ဆက်က ကျဆုံးလေပြီးသော သူရဲကောင်းအညတရစစ်သည်တော်များကို အလေးပြုခြင်း၊ သူရဲကောင်းစစ်သည်တော်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခြင်း၊ သူရဲကောင်းအညတရစစ်သည်တော်များ ကောင်းရာဘုံဘဝသို့ ရောက်ရှိစေရန် ဆုတောင်းလျက် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းစေရန် စိတ်ရည်သန်လျက် ကိုယ်လက်အင်္ဂါစွန့်လှူထားရသော စစ်စည်တော်ဟောင်းများက ငြိမ်းချမ်းရေးနိမိတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားကို နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။

0 comments:

Post a Comment