Monday, December 2, 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting and indoor

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ကာလပေါက်စျေးငွေကျပ် သိန်း ၅၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၄၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန် (အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ စျေးလမ်းနေ ဘုန်းမောင် ၂၄ နှစ်၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး ၎င်းအိပ်သည့်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၂၇၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၁၈.၁ သိန်း)၊ ICE အလေးချိန် ၃၅၃.၅ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၅၃.၅ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘုန်းမောင် အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
<zawgyi>
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Monday , December 2 , 2019

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ကာလပေါက်စျေးငွေကျပ် သိန်း ၅၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၄၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန် (အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ စျေးလမ်းနေ ဘုန်းမောင် ၂၄ နှစ်၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး ၎င်းအိပ်သည့်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၂၇၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၁၈.၁ သိန်း)၊ ICE အလေးချိန် ၃၅၃.၅ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၅၃.၅ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘုန်းမောင် အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News #CCDAC

0 comments:

Post a Comment