Monday, December 2, 2019

မိုးကောင်းမြို့နယ်တွင် တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦး အရှိန်မထိန်းနိုင်၍ ဆိုင်ကယ်တိမ်းမှောက် သေဆုံး

Image may contain: 1 person, standing, tree, plant, outdoor and nature

ကချင်ပြည်နယ် မိုးကောင်းမြို့၊ တိ/မွေး/ကု ဌာနမှ ဒုဦးစီးမှူး ဒေါက်တာ သိန်းမင်းဇော် သည် ဒီဇင်ဘာ (၂)ရက် နေ့ခင်းပိုင်းက မိုးကောင်းမြို့မှ ထုံးရေပေါက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအဝင် ဆိုင်းဘုတ်အနီး မိုင်တိုင်အမှတ် ၁၃၆/၁၃၇ ကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားသဖြင့် တာဝန်ရှိသူများက ပင်းဘောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်းဘောနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
Image may contain: 3 people, people standing, outdoor and nature
Image may contain: one or more people and closeup
<zawgyi>
မိုးကောင်းမြို့နယ်တွင် တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦး အရှိန်မထိန်းနိုင်၍ ဆိုင်ကယ်တိမ်းမှောက် သေဆုံး
Monday , December 2 , 2019

ကချင်ပြည်နယ် မိုးကောင်းမြို့၊ တိ/မွေး/ကု ဌာနမှ ဒုဦးစီးမှူး ဒေါက်တာ သိန်းမင်းဇော် သည် ဒီဇင်ဘာ (၂)ရက် နေ့ခင်းပိုင်းက မိုးကောင်းမြို့မှ ထုံးရေပေါက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအဝင် ဆိုင်းဘုတ်အနီး မိုင်တိုင်အမှတ် ၁၃၆/၁၃၇ ကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားသဖြင့် တာဝန်ရှိသူများက ပင်းဘောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်းဘောနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment