Monday, December 2, 2019

ကျောက်ပန်းတောင်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား လူထုထောက်ခံမည့်ပွဲအတွက် ရန်ပုံငွေကောက်

လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခံထားရခြင်းအပေါ် ဦးဆောင် အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမည့်ပွဲအတွက် ကျပ်သိန်း ၂၀ ခန့် ကုန်ကျနိုင်သည်ဟု ကျောက်ပန်းတောင်း မြို့နယ် NLD က ခန့်မှန်းထားပြီး ထောက်ခံမည့်ပွဲ ကျင်းပရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်သူများထံမှ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ တရားစွဲဆိုထားခြင်းအပေါ် အမှုရင်ဆိုင်မည့်အဖွဲ့ကို ဦးဆောင်မည်ဟု ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများ ကျင်းပလျက်ရှိရာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၌လည်း ကျင်းပမည်ဖြစ်ရာ ထိုပွဲအတွက် ရန်ပုံငွေရှာဖွေနေခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌဦးဇော်ဝင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရန်ပုံငွေအတွက် ကျောက်ပန်းတောင်းမြို့နယ် NLD အပါအဝင် ကျူရှင်ဆရာအဖွဲ့၊ လူမှုရေးကွန်ရက်၊ ဈေးသူဈေးသားများ၊ ကုန်သည်ပွဲစားများ စသည့် အဖွဲ့အသီးသီးတို့မှ ကိုယ်စားလှယ်ခုနစ်ဦးပါဝင်သော ဘဏ္ဍာငွေရှာဖွေရေးကော်မတီကို သီးသန့်ဖွဲ့ထားကြောင်း သိရှိရသည်။
နယ်သာလန်နိုင်ငံ ဒန်းဟက် (သည်ဟေ့ဂ်) မြို့ရှိ ICJ ၌ အမှုစတင်ကြားနာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမြို့ကြီးအချို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲများပြုလုပ်ရန် စီစဉ်နေကြပြီး ကျောက်ပန်းတောင်းမြို့၌ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်ပြီး အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်ကို ICJ က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြားနာမည်ဖြစ်ပြီး နောက်တစ်ရက်တွင် မြန်မာက ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။
<zawgyi>

Monday , December 2 , 2019

0 comments:

Post a Comment