Monday, December 2, 2019

ဒေါ်ဥမ္မာလှိုင်ရဲ့ သား (၂) ဦး သက်သေထွက်ဆိုရန် လာရောက်ခြင်းမရှိ

Image may contain: 1 person, closeupImage may contain: sky and outdoor

သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားလို Wisdom Hill ကျောင်းကြည့်ကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သား (၂) ဦးကို သက်သေအဖြစ်နဲ့ ထွက်ဆိုဖို့ ပုဗ္ဗသီရိမြို့နယ် တရားရုံးက ချိန်းဆိုထားပေမယ့် ယခုရက်အတွင်းမှာ စာမေးပွဲဖြေဆိုဖို့ ရှိတာကြောင့် လာရောက်နိုင်မှာ မဟုတ်တဲ့အကြောင်း တရားလို ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေဖြစ်သူက တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်ပြီး အောင်ကြီးဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို ဗစ်တိုးရီးယားအမှု ဒုတိယအကြိမ်မြောက် ရုံးချိန်းအပြီး BBC သတင်းဌာနနဲ့ အင်တာဗျူး ဖြေဆိုရာမှာ ကိုကို၊ ညီညီလို့ သုံးနှုန်းခဲ့တဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုခြင်း ဖြစ်သည်။ ကလေး (၂) ကို စစ်ဆေးဖို့အတွက် လာမယ့်ရုံးချိန်းကိုတော့ ဒီဇင်ဘာ (၁၆) ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း သိရှိရသည်။
<zawgyi>
ဒေါ်ဥမ္မာလှိုင်ရဲ့ သား (၂) ဦး သက်သေထွက်ဆိုရန် လာရောက်ခြင်းမရှိ
Monday , December 2 , 2019

သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားလို Wisdom Hill ကျောင်းကြည့်ကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သား (၂) ဦးကို သက်သေအဖြစ်နဲ့ ထွက်ဆိုဖို့ ပုဗ္ဗသီရိမြို့နယ် တရားရုံးက ချိန်းဆိုထားပေမယ့် ယခုရက်အတွင်းမှာ စာမေးပွဲဖြေဆိုဖို့ ရှိတာကြောင့် လာရောက်နိုင်မှာ မဟုတ်တဲ့အကြောင်း တရားလို ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေဖြစ်သူက တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်ပြီး အောင်ကြီးဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို ဗစ်တိုးရီးယားအမှု ဒုတိယအကြိမ်မြောက် ရုံးချိန်းအပြီး BBC သတင်းဌာနနဲ့ အင်တာဗျူး ဖြေဆိုရာမှာ ကိုကို၊ ညီညီလို့ သုံးနှုန်းခဲ့တဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုခြင်း ဖြစ်သည်။ ကလေး (၂) ကို စစ်ဆေးဖို့အတွက် လာမယ့်ရုံးချိန်းကိုတော့ ဒီဇင်ဘာ (၁၆) ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #Wisdom_Hill #victoria

0 comments:

Post a Comment