Monday, December 2, 2019

အမ်း-မအီကားလမ်း၌ လမ်းတိုးချဲ့ရေး ဆောင်ရွက်စဉ် AA သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု ကားမိုင်းတစ်လုံး တွေ့ရှိ

Image may contain: outdoor

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လမ်းပြုပြင်ရေး အဖွဲ့များသည် အမ်း-မအီကားလမ်းပိုင်းအား လမ်းတိုးချဲ့ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အမ်းမြို့၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ကားလမ်းအနီး၌ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အလျား ၁၅ လက်မ၊ အနံ ၈ လက်မ၊ အကျယ် ၄ ဒသမ ၅ လက်မ၊ အမြင့် ၁၀လက်မခန့်ရှိ ဇလားပုံသဏ္ဌာန် ဒေသန္တရ ရီမုကားမိုင်း တစ်လုံးအား စစ်ဆေး တွေ့ရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါဒေသန္တရ ရီမုကားမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီး အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
အမ်း-မအီကားလမ်း၌ လမ်းတိုးချဲ့ရေး ဆောင်ရွက်စဉ် AA သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု ကားမိုင်းတစ်လုံး တွေ့ရှိ
Monday , December 2 , 2019

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လမ်းပြုပြင်ရေး အဖွဲ့များသည် အမ်း-မအီကားလမ်းပိုင်းအား လမ်းတိုးချဲ့ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အမ်းမြို့၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ကားလမ်းအနီး၌ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အလျား ၁၅ လက်မ၊ အနံ ၈ လက်မ၊ အကျယ် ၄ ဒသမ ၅ လက်မ၊ အမြင့် ၁၀လက်မခန့်ရှိ ဇလားပုံသဏ္ဌာန် ဒေသန္တရ ရီမုကားမိုင်း တစ်လုံးအား စစ်ဆေး တွေ့ရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါဒေသန္တရ ရီမုကားမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီး အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News #အမ်း-မအီကားလမ်း #AA #ရီမုကားမိုင်း

0 comments:

Post a Comment