Sunday, September 6, 2020

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလ ၈ ရက်နေ့ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားမှုကို ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ထိုင်းနိုင်ငံမှဖြတ်၍ ဝင်ရောက်နိုင်မည့် တူးမြောင်းအသစ်အား တရုတ်နိုင်ငံမှအလိုရှိ

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တင်းမာမှုများမြင့်တက်လာချိန်၌ပင် တရုတ်နိုင်ငံ အနေဖြင့် အိန္ဒိယသမုဒ္ဒရာဆီသို့ဝင်ရောက်ရာတွင် ခရီးအကွာအဝေး ကီလိုမီတာပေါင်း ၁,၁၀၀ အား ချုံ့ပစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ Kra Isthmus မှတစ်ဆင့်ဖြတ်သန်း၍ တူးမြောင်း ဖောက်လုပ်ရန်ဆန္ဒရှိနေကြောင်း အင်တာနက်သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ဖြင့်ရောင်းရန် ညွှန်ကြား

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ပဲ ပြန်ရောင်းကြဖို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းအတွင်း ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ ရဲတပ်ကြပ်တစ်ဦးနှင့် ရန်ကုန်ပြန်တစ်ဦးဖြစ်နေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းမှ ထပ်တိုးလူနာ ၂ ယောက်ထဲတွင် ကျုံပျော်မြို့နယ်မှ တစ်ဦးကတော့ အခေါင်မြို့ မှော်ထူရွာကဖြစ်ပြီး ရန်ကုန်ကအပြန် အသွားအလာကန့်သတ် စောင့်ကြည့်ကန့်သတ်နေရင်း ၁၀ ရက်အကြာမှာ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်း စစ်ဆေးမှု COVID-19 လူနာ (၄၅) ဦး ထပ်တိုး၊ ကူးစက်ခံရသူ (၁,၄၆၄)ဦးနှင့် သေဆုံးသူ (၈) ဦးအထိရှိလာ

၁။ (၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၉၈၇)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၁၄၁၉) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈.၈ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၂၇ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၈၈၇,၀၉၄) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၇,၂၇၅,၂၈၆) ဦးရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ကူးစက်မှုနှုန်းမြင့်တက်နေသော COVID-19 ကြောင့် ရန်ကုန်တိုင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ စက်တင်ဘာ ၈ ရက်မှစ၍ ပါဆယ်စနစ်ဖြင့်သာ ပြန်လည်ရောင်းချရမည်ဖြစ်

လက်ရှိတွင် ကူးစက်မှုနှုန်းမြင့်တက်နေသော COVID-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအားလုံးတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ထမင်းဆိုင်များအားလုံးမှာ စက်တင်ဘာလ ၈ ရက်နေ့ကစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းကို လူ(၅၀)ဦးထက် မပိုရနှင့် လိုက်နာရမည့် စည်းကမ်းချက်များ အမိန့်ထုတ်ပြန်

ယခုလာမယ့် နိုဝင်ဘာလ ၈ နေ့ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောမှုတွေမှာ လူဦးရေ (၅၀)ဦးထက်မပိုရဘူးနဲ့ လိုက်နာရမဲ့ စည်းကမ်းချက်များကို စက်တင်ဘာလ ၆ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်( ၁၇၃ / ၂၀၂၀) အား အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာတော် ၄ ပါး ပြန်လွတ်မြောက်လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ALP အတွက် လူသစ်စုသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ၄ ပါး စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခြံအမှတ်-၅၄ COVID-19 သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး စည်းရုံးရေး ခရီးစဉ် အပြောင်းအလဲ မရှိ

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ် ခြံအမှတ်-၅၄တွင် နေထိုင်သူ ၁ ဦး COVID-19 ပိုး ကူးစက် ခံရတာကို ဒီကနေ့ စစ်ဆေးတွေ့ ရှိခဲ့ပေမယ့် စက်တင်ဘာ ၈ ရက် ကော့မှူးမြို့ကို သွားရောက်မယ့် ခရီးစဉ် အပြောင်းအလဲ မရှိဘူးလို့ သတင်း ရရှိပါတယ်။

ရုံးဌာန/ဝန်ထမ်းများ ရုံးတက်ရာတွင် တစ်ဝက်တက်၊တစ်ဝက်နား စနစ် ပြန်လည် ကျင့်သုံးရမည်ဖြစ်

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ပြည်ထောင်စုဝန်ကြီးဌာန(အားလုံး) နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး (သို့)ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ ရုံးဌာန/ဝန်ထမ်းများ ရုံးတက်ရာတွင် တစ်ဝက်တက်၊တစ်ဝက်နား စနစ်အား ၉-၉-၂၀၂၀ ရက်နေ့မှစ၍ ပြန်လည် ကျင့်သုံးရန် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Saturday, September 5, 2020

ရန်ကုန်တွင် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ

ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြှင့်တက်လာပြီး ပိုးရှိလူနာနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ Contact Person တွေများလာတာကြောင့် Quarantine စင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူ ကဗျာ သိန်းပေါင်း ၂၄၀၀ ဖြင့် လေလံအောင်

 

ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူ ကဗျာ သိန်းပေါင်း ၂၄၀၀ ဖြင့် လေလံအောင်ခဲ့ကြောင်း သိရပါသည်။

ပြည်ခိုင်ဖြိုးပါတီ စေတနာ့ဝန်ထမ်းအဖွဲ့များက ဆေးဘက်သုံးနှာခေါင်းစည်း များ ဖြန့်ဝေ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့ဟာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တကျော့ပြန် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့ ညနေမှာတော့ ပုဗ္ဗသီရိဈေးအတွင်း ဆေးဘက်သုံးနှာခေါင်းစည်း ၂၀၀၀ ကို ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုး စေတနာ့ဝန်ထမ်းအဖွဲ့ငယ်နှစ်ခုနဲ့ ပူးပေါင်းပြီး အင်တိုက်အားတိုက် ဖြန့်ဝေ လှူဒါန်းခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း ပြည်သူအများဝင်ထွက်သွားလာရာ ဈေးများမှာ ဆက်လက်လှူဒါန်းသွားအုံးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဘရာဇီးမှာ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ ကျော် ထပ်တိုး

ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ အသစ် ၅၁၁၉၄ ဦး ရှိခဲ့ပြီး သေဆုံးသူ ၉၀၇ ဦး ထပ်တိုးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိခင်ဖြစ်သူ၏ နောက်ဆုံးနာရေးကို သွားရောက်လိုသူ Quarantine ဝင်နေသည့် အမျိုးသမီးအား ကူညီပေး

မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်တွင် Quarantine ဝင်နေရသည့် ကျိုက်ခမီမြို့နေ ထိုင်းပြန် အမျိုးသမီး၏ မိခင်ဆုံးပါးသွားခဲ့သည့်အတွက် နောက်ဆုံးနာရေးသွားလိုကြောင်း အကူအညီ တောင်းခံလာသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ကွန်ယက် အနေဖြင့် မော်လမြိုင်မှ ကျိုက်ခမီထိ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ရကြောင်း အဆိုပါ ကွန်ယက်က သိရသည်။

ကိုဗစ်-၁၉ရောဂါပိုး နှစ်ကြိမ်ဆက်တိုက်မတွေ့တော့သည့် လူနာ ၂ ဦး တီးတိန်မြို့ပြည်သူ့ဆေးရုံမှဆင်း

ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ Case-345နှင့် Case-359တို့သည် ရောဂါပိုးနှစ်ကြိမ် ဆက်တိုက်မတွေ့တော့၍ယနေ့ နံနက် ၁၁နာရီကဆေးရုံမှ ဆင်းခွင့်ရပြီး Home Quarantine ဆက်လက်ခံယူမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေဆေးရုံမှ လူနာ ၁ဝဦး ယနေ့ ဆေးရုံက ဆင်းခွင့်ရမည်

ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးမှ ကိုဗစ်ပိုးတွေ့ရှိသူများအထဲမှ ၁ဝ ဦးမှာ ရောဂါပိုးမတွေ့တော့သဖြင့် ယနေ့ ညနေ ၄ နာရီနောက်ပိုင်းတွင် ဆေးရုံက ဆင့်ခွင့်ရမည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က အတည်ပြု ပြောကြားသည်။