Sunday, September 6, 2020

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလ ၈ ရက်နေ့ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားမှုကို ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ယနေ့ အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် စက်တင်ဘာ ၇ ရက်နေ့ ညနေတွင် ရန်ကုန်သို့ ထွက်ခွာ၍ ဆိပ်ကြီးခနောင်တိုတွင် နိုင်ငံတော် လုပ်ငန်းစဉ် တစ်ခုလုပ်ကိုင်ကာ မဲဆန္ဒနယ်ကော့မှူးသို့ သွားရောက်ရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် ကျန်း မာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
Ref ; Khit Thit Media

0 comments:

Post a Comment