Saturday, September 5, 2020

စစ်တွေဆေးရုံမှ လူနာ ၁ဝဦး ယနေ့ ဆေးရုံက ဆင်းခွင့်ရမည်

ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးမှ ကိုဗစ်ပိုးတွေ့ရှိသူများအထဲမှ ၁ဝ ဦးမှာ ရောဂါပိုးမတွေ့တော့သဖြင့် ယနေ့ ညနေ ၄ နာရီနောက်ပိုင်းတွင် ဆေးရုံက ဆင့်ခွင့်ရမည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က အတည်ပြု ပြောကြားသည်။
“သူတို့ဆယ်ယောက်က Double Negative ထွက်ထားတာဆိုတော့ ဆေးရုံက ဆင်းခွင့်ရပါပြီ။ သူတို့ဆီက ရောဂါပိုးကူးစက်နိုင်ခြေမရှိတော့ပါဘူး။ လုံးဝပြန်လည်ကျန်းမာဖို့အတွက် နေအိမ်မှာဖြစ်ဖြစ် hospital quarantine ဖြစ်ဖြစ်ထားဖို့စီစဉ်နေတယ်။ အိမ်မှာနေရဖို့တွက် ဆရာတို့ ကြိုးစားပေးနေတယ်။ ညနေလေးနာရီမှ အထက်က ဆုံးဖြတ်ချက်ပေးမယ်။ သေချာတာကတော့ ဆေးရုံကပေးဆင်းတော့မှာပါ” ဟု သူကပြောသည်။
၎င်းဆေးရုံမှ ဆင်းခွင့်ရရှိသူများမှာ အမျိုးသမီး(၇)ဦးနှင့် အမျိုးသား(၃)ဦးတို့ဖြစ်ကြပြီး မည်သည့် လူနာ အမှတ်များဖြစ်ကြောင်းကို ပြောဆိုရန် အဆင်မပြေသေးဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့က စ၍ ယနေ့ စက်တင်ဘာ ၅ ရက်နေ့ အထိ ကိုဗစ်အတည်ပြုလူနာ ၄၉၃ ဦးရှိလာခဲ့သည်။ ၎င်းထဲတွင် စစ်တွေမြို့နယ်မှာ ကိုဗစ်ပိုးအများဆုံးတွေ့ရှိထားသည့် မြို့ဖြစ်ကာ လူနာ ၂၇၂ ဦးကို စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပေးနေပြီး ယင်းအထဲမှ ၁ဝ ဦးမှာ ယခုကဲ့သို့ ရောဂါပြန်လည် ကောင်းမွန်လာခြင်းဖြစ်သည်။
ကျန်ရှိနေသူ အထဲတွင်လည်း ရောဂါလက္ခဏာပြသူ ၅ ဦးသာရှိပြီး အထူးအလေးထား ကုသပေးနေကြောင်း၊ သို့သော် စိုးရိမ်စရာအဆင့်တွင် မရှိကြောင်း ဒေါက်တာ ဇော်လွင်က ပြောကြားသည်။
>zawgyi<

0 comments:

Post a Comment